အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌဟောင်း ဦးအောင်ရွှေ ကွယ်လွန်
DVB
·
August 14, 2017
အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌဟောင်း ဦးအောင်ရွှေဟာ မနေ့ည ၉ နာရီ ၃၆ မိနစ်က ရန်ကုန်မြို့ ဝိတိုရိယဆေးရုံမှာ ကွယ်လွန်သွားခဲ့ပါတယ်။
ဦးအောင်ရွှေဟာ အသက် ၉၉ နှစ် ရှိနေပြီး ကျန်းမာရေးအခြေအနေ ဆိုးရွားလာလို့ ဆေးရုံတက်ရောက် ကုသနေရင်း ကွယ်လွန်ခဲ့တာပါ။
မနေ့ကတော့ ဝိတိုရိယဆေးရုံကို နိုင်ငံတော်သမ္မတနဲ့ဇနီး လာရောက်ကြည့်ရှု ဂါရဝပြုခဲ့ပါတယ်။
ဒါ့အပြင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတို့လည်း လာရောက် ဂါရဝပြုခဲ့ပါတယ်။
ဗိုလ်မှူးချုပ်ဟောင်းတဦးဖြစ်တဲ့ ဦးအောင်ရွှေဟာ အန်အယ်လ်ဒီပါတီ စတင်ဖွဲ့စည်းကတည်းက ဗဟိုအလုပ်အမှုဆောင်အနေနဲ့ ပါဝင်ခဲ့ပါတယ်။
ဦးအောင်ရွှေဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ မရမ်းကုန်းမြို့နယ် အမှတ် ၁ မဲဆန္ဒနယ်မြေက ရွေးကောက်ခံအမတ်လည်း ဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ နေအိမ်အကျယ်ချုပ်ဘဝမှာ ပါတီဥက္ကဋ္ဌတာဝန်ကို ယူခဲ့ပါတယ်။
သူဟာ ဗမာ့တပ်မတော်မှာ ၁၉၄၅ ခုနှစ်က စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး နယ်ချဲ့ဆန့်ကျင်ရေးမှာ ပါဝင်ခဲ့သူဖြစ်သလို ၁၉၆၁ မှာ ဗိုလ်မှူးချုပ်အဆင့်နဲ့ တပ်ကနေ အနားယူခဲ့ပါတယ်။
ဦးအောင်ရွှေ ကွယ်လွန်ချိန်မှာ သား ၃ ဦးနဲ့ သမီး ၃ ဦး ကျန်ရစ်ခဲ့ပါတယ်။