အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်သူ ပူးပေါင်း၍ ၀ါဆိုသင်္ကန်းကပ်လှူ(ဓာတ်ပုံ)
ဇေယျာချမ်းအေး
·
August 13, 2017
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ရန်ကုန်တိုင်းဒေသကြီး) နဲ့ ပြည်သူလူထုပူးပေါင်းပါဝင်တဲ့ ၀ါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲနဲ့ ဆွမ်းဆန်စိမ်း လှူဒါန်းပွဲ အခမ်းအနားကို မူလဆယ်တောင်ပြည့် ကျောင်းတိုက် ၊ ပြည်သာယာလမ်း၊ သင်္ဃကျွန်းမြို့နယ်မှာ ဒီနေ့ ကျင်းပနေပါတယ်။
သံဃာနဲ့ မယ်သီလရှင် အပါးတထာင်ကို စုစုပေါင်း ငွေကျပ်သိန်း ၇ ထောင်တန်ဖိုး လှူဒါန်းထားတယ်လို့ ဝါဆိုသင်္ဃန်းကပ်လှူပွဲနဲ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းမြင့် ကပြောပါတယ်။
အခမ်းအနားကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ အစိုးရအဖွဲ့တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။
အခုလှူဒါန်းပွဲမှာ ရန်ကုန်တိုင်းထဲက သံဃာ ၅၀ နဲ့ အထက်ရှိတဲ့ ကျောင်းတိုင်းကိုလှူဒါန်းသွားမှာ လည်းဖြစ်ပါတယ်။