ရာသီတုပ်ကွေး A (H1N1) ရောဂါကြောင့် တနိုင်ငံလုံးအတိုင်းအတာအရ ရောဂါးပိုးတွေ့လူနာ ၁၇ ယောက် တိုးလာပါတယ်။
သြဂုတ် ၁၂ ရက်နေ့မွန်းလွဲပိုင်းအထိ သံသယလူနာ ၄၈ ယောက်ကို ဓာတ်ခွဲစမ်းသပ်ရာမှာ A(H1N1) ပိုးတွေ့လူနာ ၁၇ ယောက် ထပ်မံ တွေ့ရှိခဲ့ပါတယ်။
ဒါကြောင့် တနိုင်ငံလုံး အတိုင်းအတာအရ လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါနဲ့ ဆေးရုံ တက်ရောက်ကုသသူ ၅၈၃ ယောက် ရှိပါတယ်။ အဲဒီထဲကနေ ရာသီတုပ်ကွေး A (H1N1) ပိုးတွေ့ လူနာစုစုပေါင်း ၂၂၁ ယောက်ရှိခဲ့ပြီး သေဆုံးသူကတော့ ၂၃ ယောက်ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
မြောက်ဥက္ကလာ အထူးကုဆေးရုံကြီး (ဝေဘာဂီ) မှာ A (H1N1) ပိုးတွေ့ အတွင်းလူနာ ၆ ယောက်နဲ့ တခြားတိုင်းဒေသကြီး/ ပြည်နယ်ဆေးရုံကြီးတွေမှာ A (H1N1) ပိုးတွေ့ အတွင်းလူနာ ၅၉ ယောက်၊ စုစုပေါင်း ၆၅ ယောက် ဆက်လက် ဆေးဝါးကုသမှုခံယူနေပြီး အများစုက သက်သာနေပြီလို့ ထုတ်ပြန်ထားပါတယ်။
လတ်တလော ပြင်းထန် အသက်ရှုလမ်းကြောင်း ရောဂါနဲ့ ဆေးရုံတက် ကုသနေသူတွေထဲမှာ A(H1N1) ပိုး တွေ့ လူနာတွေသာမက ပိုးမတွေ့ လူနာတွေကိုလည်း လတ်တလော ပြင်းထန်အသက်ရှုလမ်းကြောင်း ရောဂါကုသရေး လမ်းညွှန်အတိုင်း ထိရောက်တဲ့ ကုသမှုတွေ ရရှိဖို့ အထူးအလေးပေး ဆောင်ရွက်နေတယ်လို့ ကျန်မားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။