မြောက်ကိုရီးယားကို ရင်ဆိုင်တိုက်ခိုက်ရန် အဆင်သင့်ဟု အမေရိကန်ပြော

မြောက်ကိုရီးယားကို ရင်ဆိုင်တိုက်ခိုက်ဖို့ အမေရိကန်စစ်တပ်ဟာ အသင့်အနေအထားရှိနေပေမယ့် သံတမန်ရေးနည်းလမ်းနဲ့ ဖြေရှင်းတာကို ပိုနှစ်သက်တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးက ပြောကြားသွားပါတယ်။ “ကျနော့်အလုပ်၊ ကျနော့်မစ်ရှင်၊ ကျနော့်တာဝန်က လိုအပ်ချက်နဲ့ကိုက်ညီတဲ့ စစ်ရေးရွေးချယ်မှုတွေလုပ်ဖို့ပါ။ ဒါပေမယ့် လက်ရှိအချိန်မှာ နိုင်ငံခြားရေးဝန်ကြီး တေလာဆန်ရယ်၊ ကုလသံအမတ်ကြီး ဟာလေတို့ရဲ့ သံတမန်ရေးအရ ဦးဆောင်ကြိုးပမ်းနေတာကို တွေ့ရမှာပါ။ သံတမန်ရေးတွန်းအားကြောင့် သံတမန်ရေးဆိုင်ရာ အကျိုးရလဒ်တွေလည်း ရမှာပါ။ အခုချိန်ထိ ကျနော်ကတော့ အဲဒီအခြေအနေမှာပဲ နေလိုပါတယ်။ စစ်ပွဲရဲ့အနိဋ္ဌာရုံဆိုတာ အာလုံးလည်း အသေအချာသိကြပြီးသားပါ။ အချက်အလက်အမှန်ထက် ပိုပြီး နောက်ထပ်ပုံကြီးချဲ့တာမျိုးတွေ မလိုအပ်ပါဘူး။ အဲဒီလိုဆိုရင် ကပ်ဘေးသင့်သလို ဖြစ်သွားပါလိမ့်မယ်” လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ် မက်တစ်စ်ကပြောကြားသွားတာဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ကလည်း မြောက်ကိုရီးယားအနေနဲ့ ဂူအမ်ကျွန်းကို ထိပါးလို့မရသလို ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေကိုလည်း ခြိမ်းခြောက်လို့မကြောင်း၊ လိုအပ်ပါက အမေရိကန်က စစ်ရေးအရ ဖြေရှင်းသွားဖို့ လက်နက်တွေ အဆင်သင့်ပြင်ထားပြီးဖြစ်ကြောင်း ပြောကြားထားပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ အမေရိကန်စစ်စခန်း တည်ရှိတဲ့ ပစိဖိတ်ဒေသမှ ဂူအမ်ကျွန်းကို ဒုံးကျည်နဲ့တိုက်ခိုက်မယ်ဆိုပြီး ထုတ်ပြန်ထားတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up