Home
အနုပညာ
အဆိုတော်ခိုင်ထူး၏ ဈာပနအခမ်းအနား ကျင်းပ
DVB
·
August 11, 2017
ကွယ်လွန်သွားတဲ့ တေးသံရှင်အဆိုတော်ခိုင်ထူးရဲ့ ဈာပနအခမ်းအနားကို ရန်ကုန်မြို့ ရေဝေးသုသာန်မှာ ဒီနေ့ မွန်းလွဲပိုင်းက ကျင်းပ ပြုလုပ်ခဲ့ပြီး အနုပညာရှင်တွေနဲ့ သူ့ပရိသတ်တွေ တက်ရောက်ခဲ့ကြပါတယ်။ တေးသံရှင်အဆိုတော်ခိုင်ထူးဟာ ရန်ကုန် မရမ်းကုန်းမြို့နယ်မှာရှိတဲ့ ပါရမီဆေးရုံ အထူးကြပ်မတ်ဆောင်မှာ ဆေးကုသမှုခံယူနေရင်း သြဂုတ် ၉ ရက်နေ့ ညနေ ၃ နာရီခွဲလောက်က ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ အဆိုတော်ခိုင်ထူးဟာ ပန်ကရိယကင်ဆာရောဂါနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူခဲ့ရပြီး ဆေးသွင်းတဲ့ဒဏ် မခံနိုင်တာကြောင့် မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာပြီးနောက် ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ စစ်ကိုင်းလမ်း၊ ခတ္တာ၊ နောက်ဆုံးအိပ်မက်၊ အဝေးဆုံး၊ အားလုံးကို ကျော်ဖြတ်ရမယ် အစရှိတဲ့ သီချင်းတွေအပါအဝင် ပရိသတ်အားပေးမှုများစွာရရှိခဲ့တဲ့ အဆိုတော်ခိုင်ထူးဟာ ကွယ်လွန်ချိန်မှာ အသက် ၆၀ ကျော် ရှိပြီဖြစ်ပါတယ်။ အဆိုတော် ခိုင်ထူးဟာ သူ့ရဲ့ ပထမဆုံးတေးစုအဖြစ် ၁၉၇၉ ခုနှစ်မှာ တေးမြုံငှက်စီးရီး ထွက်ရှိခဲ့ပြီး အဉ္ဇလီ၊ သီချင်းတစ်ပုဒ်ပန်းတစ်ဆုပ်၊ ဆို၊ မကောင်းလည်းကိုယ်ကောင်းလည်းကိုယ်၊ မိုးရဲရင်ဆောင်းရဲရမယ်၊ ရွှေလည်တိုင်နဲ့ အားလုံးကိုကျော်ဖြတ်ရမယ် တေးစီးရီးတွေလည်း ထွက်ရှိခဲ့ပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024