Home
အထွေထွေ
ပဒိုမန်း​ငြိမ်း​မောင်အမှုကို အင်္ဂါ​နေ့​မှာ စီရင်ချက် ချမည်
အေးနိုင်
·
March 8, 2012

နိုင်ငံ​တော်ပုန်ကန်မှုနဲ့​ တရား​စွဲခံရတဲ့​ ​ကေအန်ယူ​ခေါင်း​ဆောင် ပဒိုမန်း​ငြိမ်း​​မောင်ကို လာမယ့်​အင်္ဂါ​နေ့​ မနက်ပိုင်း​မှာ အင်း​စိန်​ထောင်တွင်း​ တရား​ရုံး​က စီရင်ချက်ချမယ်လို့​ ဆုံး​ဖြတ်လိုက်ပါတယ်။

[caption id="attachment_14974" align="alignleft" width="300" caption="ပဒိုမန်းငြိမ်းမောင်"][/caption]

သက်​သေတဦး​ဖြစ်တဲ့​ ​တောင်က​လေး​ ဆရာ​တော်က ကျန်း​မာ​ရေး​ကြောင့်​ ကြွမလာ နိုင်တဲ့​ အတွက် အဲဒီ သက်​သေကို ပယ်ပြီး​ နှစ်ဖက် ​လျှောက် လဲချက် ​ပေး​ခဲ့​ရတယ်လို့​ပဒိုမန်း​ငြိမ်း​မောင်ရဲ့​ ​ရှေ့​နေ ဦး​ကြီး​မြင့်​က ​ပြောပြ ပါတယ်။

“ဒီ​နေ့​ ကျ​နော်တို့​ဘက်​နေပြီး​တော့​ ဘာ​ကြောင့်​ အပြစ်မ​ပေး​ သင့်​တဲ့​ အ​ကြောင်း​၊​ လွှတ်​ပေး​သင့်​တဲ့​အ​ကြောင်း​ ​ပြောရပါတယ်။ အစိုး​ရဘက် က​တော့​ စွဲဆိုထား​တဲ့​ ပုဒ်မ​တွေနဲ့​ အပြစ်​ပေး​သင့်​ကြောင်း​ ​လျှောက်လဲချက် ​ပေး​ပါတယ်။ အင်္ဂါ​နေ့​ မနက် ၁၁ နာရီ ရုံး​ချိန်း​ပါ။ အမိန့်​ချပါမယ်၊​ အပြီး​သတ် အမိန့်​ပါပဲ။”

ထိုင်း​နိုင်ငံက​နေ တရုတ်နိုင်ငံကိုသွား​ရောက်ခဲ့​တဲ့​ ပဒိုမန်း​ငြိမ်း​မောင်ဟာ ထိုင်း​ကို ပြန်လာဖို့​ ဗီဇာအခက်အခဲ​ကြောင့်​ တရုတ်ပြည်က​နေ မြန်မာပြည် ပြန် ပို့​ခံရပြီး​ အင်း​စိန်​ထောင်မှာ ချုပ်​နှောင်တရား​စွဲခံထား​ရတာပါ။

ပဒိုမန်း​ငြိမ်း​မောင်ကို တရား​စွဲခွင့်​အမိန့်​မှာ သမ္မတက ပြည်ထဲ​ရေး​ ဝန်ကြီး​ကို အာဏာ အပ်ထား​ကြောင်း​ဆိုတာ ပါမလာတဲ့​ အ​ကြောင်း​၊​ အမှု ၂ ခုနဲ့​ စွဲရာမှာ ၁ ခုက သက်​သေခံချက်​တွေကို တခြား​ ၁ မှုမှာ တိုက်ရိုက်ကူး​ပြီး​ ၂ မှုကို တ​ပေါင်း​တည်း​ သက်​သေခံချက် လုပ်တာက ဥပ​ဒေနဲ့​ မညီ​ကြောင်း​၊​ ဒီလို လုပ်မယ်ဆို ဥပ​ဒေအရ အမှုက ပျက်ပြယ်တဲ့​ သ​ဘောရှိ​ကြောင်း​ ဦး​ကြီး​မြင့်​က ရှင်း​ပြပါတယ်။

ပဒိုမန်း​ငြိမ်း​မောင်က ခုခံ​လျှောက်လဲရာမှာ ​ကေအန်ယူ ဗဟို​ကော်မတီဝင် ဖြစ်တာ မှန်​ကြောင်း​၊​ သူ့​လူမျိုး​အတွက် လိုအပ်လို့​ ခုခံ​ရေး​စစ်ပွဲ ဆင်နွှဲရတာ ဖြစ် ​ကြောင်း​၊​ လူ့​ အခွင့်​ အ ​ရေး​ ​တွေ ချိုး​ဖောက်ခံရတယ်၊​ လူ​တွေဟာအင်မတန် ဒုက္ခ ​ရောက်ပြီး​ တိရစ္ဆာန် ​တွေလို ဖြစ်​နေတဲ့​အတွက် လက်နက်မဆွဲကိုင် ရင် မရ လို့​ ခုခံရင်း​ တိုက်ရတာဖြစ်​ကြောင်း​ ​ပြောဆိုခဲ့​တယ်လို့​သူက ​ပြောပါတယ်။

နိုင်ငံ​တော်ပုန်ကန်မှုဖြင့်​ စွဲဆိုထား​ပြီး​ ပြစ်မှုကျူး​လွန်တယ်လို့​ ဆုံး​ဖြတ်ရင် ​သေဒဏ် ဒါမှမဟုတ် ​ထောင်တသက်တကျွန်း​ ကျခံရဖွယ် ရှိပါတယ်။

နောက်ပုဒ်မ တခုဖြစ်တဲ့​ တရား​မဝင် အသင်း​အဖွဲ့​ ဆက်သွယ်မှုအရ ​ထောင် ဒဏ် ၃ နှစ်အထိ ကျခံရဖွယ် ရှိပါတယ်။

ပဒိုမန်း​ငြိမ်း​မောင်ရဲ့​ အသွင်ဟာ လူက ကျန်း​မာ​ပေမယ့်​ စိတ်က မကျန်း​ မာသလို မြင်​တွေ့​ ခဲ့​ရတယ်လို့​ ဦး​ကြီး​မြင့်​က ​ပြောပါတယ်။

ကနဦး​ပိုင်း​က ပြည်​ထောင်စုဝန်ကြီး​ တဦး​က ပဒိုမန်း​ငြိမ်း​မောင်ကို ပြန်လည် လွတ်​မြောက်မှာပါလို့​ ထုတ်​ပြောထား​ဖူး​ပါတယ်။

အသက် ၇၀ ဝန်း​ကျင်ရှိတဲ့​ ပဒိုမန်း​ငြိမ်း​မောင်ဟာ ပျိုရွယ် စဉ်တုန်း​ ကလည်း​ နိုင်ငံ​ရေး​လှုပ်ရှား​မှု​ကြောင့်​ ​ထောင်ဒဏ်တသက်တကျွန်း​ ကျခံဖူး​ပါ တယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024