Home
မြန်မာသတင်း
ခန္တီးမြို့ နည်းပညာကျောင်းတွင် မူးယစ်ဆေးဝါး အသိပညာပေးဟောပြော
DVB
·
August 11, 2017
စစ်ကိုင်းတိုင်း၊ ခန္တီးမြို့မှာ သြဂုတ် ၁၀ ရက်နေ့ ညနေ ၃ နာရီအချိန်က AGTI နည်းပညာကျောင်းမှာ ကျောင်းသူ၊ ကျောင်းသားတွေကို မူးယစ်ဆေးဝါး အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။ “အခု ခန္တီးမှာ မူးယစ်ဆေးဝါးတွေ အရမ်းပေါနေတယ်။ လူငယ်တွေလည်း ပျက်စီးနေပြီ။ ဒါကြောင့် ခန္တီးမြို့ နည်းပညာကျောင်းမှာ ကျောင်းသူ ကျောင်းသားတွေကို မူးယစ်ဆေးဝါး အသိပညာပေး ဟောပွဲပြုလုပ်တာ ဖြစ်တယ်” လို့ ခန္တီးမြို့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ဝင် ဦးစောသန်းထွန်းဇော်က ဒီဗွီဘီကို ပြောပါတယ်။ AGTI ကျောင်းသူ မခင်မေတင့်က “အခုလို ဟောပြောပွဲတွေ လုပ်တာ ကောင်းပါတယ်။ အသိပညာတွေ ပိုပြီးရတယ်။ မူးဆေးဝါးတွေ လူငယ်တွေကို အညွန့်တုံးစေတယ်။ သူငယ်ချင်း လုပ်နေရင်တောင် မလုပ်ဖို့ ပြောလို့ရတယ်။ ဒီလို ဟောပြောပွဲတွေ များများလုပ်ပေးဖို့ လိုပါတယ်” လို့  ပြောပါတယ်။ ခန္တီးမြို့ခံ ကိုအောင်မျိုးက “အခု မူးယစ်ဆေးဝါး သုံးစွဲသူတွေက အသက် ၁၆ နှစ်နဲ့ ၃၀ အရွယ် လူငယ်တွေ အများအပြားဖြစ်ပြီး ဝယ်ရတာ လွယ်ကူနေတယ်။ ရောင်းချတဲ့သူတွေက ဆေးသမားတွေကနေတဆင့် ပြန်ရောင်းခိုင်းတော့ ပိုပြီးလွယ်ကူတယ်။ မနှစ်ကနဲ့ ဒီနှစ်ဆို သုံးစွဲသူတွေ ပိုများလာတယ်။ အခုက မူးယစ်ဆေးဝါးတွေက ပိုက်ဆံ နှစ်ထောင်လောက် ရရင် ဝယ်လို့ရတော့ ပိုပြီးဆိုးဝါးလာတယ်”လို့  ပြောပါတယ်။ “ရဲတပ်ဖွဲ့တွေက ဖမ်းဆီးမှု အားနည်းတယ်။ ခန္တ္တီးမြို့မှာ ၂၀၁၆ ခုနှစ် မူးယစ်ဆေးဝါး ဖမ်းဆီးမှု  ၂၇ မှုရှိပြီး ၂၀၁၇ ခုနှစ်မှာတော့ ၁၁ မှုပဲ ရှိတယ်လို့ သိရတယ်။ ပြည်သူတွေနဲ့ ရဲတပ်တွေ ပူးပေါင်းမှ နိမ်နှင်းနိုင်မယ်”လို့ ခန္တီးမြို့ဆရာတော် ဦးကော်ဝိက ပြောပါတယ်။ သတင်း - အောင်ဆန်းမြင့်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024