Home
မေးမြန်းခန်း
စစ်​ရေး​အရှိန် ​လျှော့​မယ်ဆိုတာကို ​ပြော​နေရုံနဲ့​တော့​ မရဘူး​ (​ကေအိုင်​အေ – ဗိုလ်မှူး​ချုပ် ဂွမ်​မော်)
အေးနိုင်
·
March 8, 2012
ကေအိုင်အို ငြိမ်း​ချမ်း​ရေး​ကိုယ်စား​လှယ်အဖွဲ့​နဲ့​ ပြည်​ထောင်စုငြိမ်း​ချမ်း​ရေး​ ကိုယ်စား​လှယ်​တွေ တရုတ်နိုင်ငံ ​ရွှေလီမြို့​မှာ ဒီ​နေ့​မွန်း​တည့်​ပိုင်း​မှာ စတင် ​တွေ့​ဆုံ​နေပါတယ်။ ​ကေအိုင်အို ဒု - ဦး​စီး​ချုပ် ဗိုလ်မှူး​ချုပ် ဂွမ်​မော်ကို ဆက်သွယ် ​မေး​မြန်း​ထား​ပါတယ်။ [caption id="attachment_18738" align="alignleft" width="300" caption="ဗိုလ်မှူးချုပ် ဂွမ်မော် (ကေအိုင်အေ)"][/caption] ​ကေအိုင်အိုနဲ့​ အစိုး​ရကြား​ ​ဆွေး​နွေး​ပွဲ စတင်တယ်လို့​ ကြား​ပါတယ်။ "ဟုတ်ပါတယ်။ ၁၂ နာရီ ၄၅ မိနစ်မှာ စပါတယ်။" အဓိက ဘာ​တွေ ​ဆွေး​နွေး​ဖြစ်ကြပါလဲ။ "ကျ​နော်တို့​ ဇန်နဝါရီ ၁၈၊​ ၁၉ မှာ တင်ပြထား​တဲ့​ ​ဆွေး​နွေး​ရေး​ အဆင့်​ ၃ ဆင့်​ တင်ပြထား​တာ ရှိပါတယ်။ ဒါ​ပေမယ့်​ အစိုး​ရ ကိုယ်စား​လှယ်​တွေအ​နေနဲ့​ ဘယ်လို ပြင်ဆင်လာလဲ ဆိုတာ​တော့​ မသိ​သေး​ဘူး​။ အခုမှ အစည်း​အ​ဝေး​ စ​နေတာပါ။" ပြီး​ခဲ့​တဲ့​ တ​ခေါက်တုန်း​က ​ရွှေလီမှာ ​တွေ့​ဆုံခဲ့​ကြတယ်။ အပစ်အခတ်ရပ်စဲ​ရေး​ ဆိုတဲ့​အချက်က ဘယ်​လောက်ထိ​အောင် တာသွား​ခဲ့​လဲဗျာ။ အခု ကာလအတွင်း​မှာ။ "စစ်အရှိန် ​လျှော့​ချ​ရေး​ဆိုတာ လက်​တွေ့​မှာ မလုပ်​ဆောင်နိုင်​သေး​ဘူး​။ မလုပ်နိုင်​သေး​ဘူး​ ဆိုတာက ​ကေအိုင်​အေနဲ့​ အစိုး​ရတပ်​တွေက ​ဒေသ​တွေမှာ အရမ်း​ကြီး​ နီး​နီး​ကပ်ကပ် ​ရောယှက်ပြီး​နေတဲ့​ အခါမှာ ​နေပြည်​တော်က​နေပဲ ဖြစ်ဖြစ် ကျ​နော်တို့​ ဌာနချုပ်က​နေပဲ ဖြစ်ဖြစ် စစ်​ရေး​အရှိန် ​လျှော့​မယ်ဆိုတာကို ​ပြော​နေရုံနဲ့​တော့​ မရဘူး​။ တပ်​တွေက အင်မတန် နီး​နေတယ်ဆို​တော့​ ​နေ့​စဉ်နဲ့​ အမျှ တိုက်ပွဲ​တွေ ဖြစ်​နေဦး​မှာပဲ။" သမ္မတရဲ့​ တနှစ်ပြည့်​ မိန့်​ခွန်း​ကို အစိုး​ရအဖွဲ့​ ​ဆောင်ရွက်ချက်​တွေနဲ့​ ပတ်သက်ပြီး​တော့​ ​ပြောရာမှာ တိုင်း​ရင်း​သား​အဖွဲ့​ ​တော်​တော်များ​များ​ လက် မှတ်ထိုး​ကြတယ်​ပေါ့​။ တချို့​ဆိုရင်လည်း​ မူအရထိုး​ကြတယ်။ ​ကေအိုင်​အေ က​တော့​ မထိုး​ဖြစ်​သေး​ဘူး​ ဆိုတာ သတိပြုမိတယ်။ အဓိကအား​ဖြင့်​ ​ကေအိုင်​အေ ကို ​ပြောတာက​တော့​ ​ကေအိုင်​အေဘက်မှာ ဖြစ်​နေတဲ့​ ​မြောက်ပိုင်း​ ကိစ္စနဲ့​ ပတ်သက်လို့​ သမ္မတက ကာကွယ်​ရေး​ဦး​စီး​ချုပ်ကို အပစ်အခတ် ရပ်စဲထား​ဖို့​ အမိန့်​ပေး​ထား​တယ်။ ကာကွယ်​ရေး​ ဦး​စီး​ချုပ် ကလည်း​ ​အောက်​ခြေကို ညွှန်ကြား​ထား​တယ်။ ဒါ​ပေမယ့်​ တိုက်ပွဲ​တွေက ဆက်ဖြစ်​နေတယ် ဒီလိုဖြစ်​နေတာဟာ အဓိကအား​ဖြင့်​ အပစ်အခတ် ရပ်စဲ​ရေး​မလုပ်လို့​ ဆိုပြီး​တော့​ သမ္မတက​ပြောတယ်။ ​ကေအိုင်​အေဘက်ကလည်း​ အပစ်အခတ် ရပ်စဲ​ရေး​ဆိုတာက နိုင်ငံ​ရေး​ ​ဆွေး​ ​နွေး​ပွဲ​တွေ ပြီး​ရင် ဆက်ဖြစ်လာမယ် ​ပြော​တော့​ ဒီလို ၂မျိုး​ ဖြစ်​နေတာဟာ အခု ​ဆွေး​နွေး​ပွဲက​နေ ပြီး​တော့​ အဆင်​ပြေသွား​နိုင်လား​။ ဗိုလ်မှူး​ချုပ်တို့​ ဘယ်လိုမျိုး​ သ​ဘောထား​ရှိလဲ။ သမ္မတ ​ပြောဆိုချက်နဲ့​ ပတ်သက်လို့​ပေါ့​။ “ကျ​နော်တို့​ သ​ဘောထား​က​တော့​ အပစ်အခတ် ရပ်ဆိုင်း​ရေး​နဲ့​ နိုင်ငံ​ရေး​ ​ဆွေး​နွေး​မှုဆိုတဲ့​ လုပ်ငန်း​စဉ်ကို တပြိုင်နက် လုပ်သွား​ဖို့​ လိုပါတယ်။ အခု ​လော ​လောဆယ် ဖြစ်​နေတာက​တော့​ အပစ်အခတ် ရပ်ဆိုင်း​ရေး​ စာချုပ် ချုပ်ဆိုထား​ တဲ့​ အချိန်၊​ ဒီကာလဟာ ​နောင် ​ရေရှည် ငြိမ်း​ချမ်း​ရေး​အတွက် ပြင်ဆင်တဲ့​အချိန် မဟုတ်ဘဲနဲ့​ ​နောက် ဖြစ်လာမယ့်​ စစ်ပွဲ​တွေအတွက် ပြင် ဆင်တဲ့​အချိန် အ​နေနဲ့​ ဖြတ်သန်း​ခဲ့​ကြတဲ့​ အ​တွေ့​အကြုံ​တွေ ရှိတယ်။ အခုက ​ကေအိုင်အိုကို အပစ် အခတ် ရပ်စဲ​ရေး​ စာချုပ် ချုပ်ဖို့​ ငြင်း​ဆန်​နေ တယ်လို့​ တချို့​က ​ပြောတယ်။ ၉၄ မှာ ကျ​နော်တို့​က အပစ်အခတ် ရပ်ဆိုင်း​ရေး​ စာချုပ် ချုပ်တယ်။ ၂၀၀၄ မှာ အမျိုး​သား​ညီလာခံကို တက်ခဲ့​တယ်။ အ​ခြေခံဥပ​ဒေ ဖြစ်လာဖို့​အတွက် လုပ်ငန်း​ စဉ်​တွေမှာ ပါဝင် ​ဆောင်ရွက်ခဲ့​တယ်။ ​နောက် ပြည်သူ့​ဆန္ဒခံယူပွဲကို ကျ​နော်တို့​ ​ကေအိုင်အိုဌာနချုပ် ဖြစ်တဲ့​ လိုင်ဇာမှာ ကျင်း​ပခွင့်​ပေး​ခဲ့​တယ်။ ​ရွေး​ကောက်ပွဲအချိန်မှာ ​ရွေး​ကောက်ပွဲကို အ​နှောင့်​အယှက်​ပေး​မှာ မဟုတ်ဘူး​။ ကျ​နော်တို့​ ​ကေအိုင်အို ​ဒေသမှာရှိတဲ့​ ပြည်သူလူထုများ​ကိုလည်း​ မိမိဆန္ဒအ​လျှောက် ပါဝင်ဖို့​ တိုက်တွန်း​ခဲ့​တယ်။ ​နောက် ကချင်ပြည်နယ်နဲ့​ ရှမ်း​ပြည်နယ် ​မြောက်ပိုင်း​မှာ ​နေထိုင်ကြတဲ့​ ကချင်လူမျိုး​များ​ ပြည်နယ် သား​ များ​ကို ကိုယ်စား​ပြုနိုင်ဖို့​အတွက် ပါတီတခု ရှိသင့်​တယ်။ ​ရွေး​ကောက်ပွဲ ဝင် သင့်​တယ် ဆိုတဲ့​ အယူအဆအရ ကျ​နော်တို့​က ​ဒေါက်တာတူး​ဂျာ ဦး​စီး​တဲ့​ အဖွဲ့​ဝင် ၆ ​ယောက်ကို ​ကေအိုင်အိုက​နေ နှုတ်ထွက်ဖို့​ ခွင့်​ပေး​ပြီး​တော့​ ပါတီ ထူ​ထောင်နိုင်ဖို့​အတွက် အား​ပေး​ခဲ့​တယ်။ အဲဒီ​တော့​ ကျ​နော်တို့​က လုပ်ငန်း​စဉ် တ​လျှောက်လုံး​မှာ နဝတ၊​ နအဖက​နေ ချမှတ်ခဲ့​တဲ့​ ရဆင့်​မှာ ​ကေအိုင်အိုက နိုင်ငံ​ရေး​ ​ဆွေး​နွေး​ပွဲ အ​ခြေအ​နေနဲ့​ နိုင်ငံ​ရေး​ ပြုပြင်​ပြောင်း​လဲမှု​တွေ ဖြစ်ဖို့​ အ​ရေး​ကြီး​တဲ့​ အဆင့်​တွေမှာ ပါဝင် ပူး​ပေါင်း​ ​ဆောင်ရွက်ခဲ့​တာပါ။ အဲဒီ့​လို ဖြစ်​နေတုန်း​မှာပဲ ငြိမ်း​ချမ်း​ရေး​ ပျက်ပြီး​တော့​ တိုက်ပွဲ​တွေ ဖြစ်ခဲ့​ရတာပါ။ ဒါ​ကြောင့်​မို့​လို့​ ကျ​နော်တို့​ကို အပစ်အခတ် ရပ်စဲ​ရေး​ လက်မှတ် မထိုး​ဘူး​ လို့​ ​ပြော​နေတာက​တော့​ လွန်ခဲ့​တဲ့​ အ​ခြေအ​နေကို ​မေ့​ချင်ဟန်​ဆောင်တဲ့​ စကား​ လည်း​ ဖြစ်လာနိုင်တယ်။ အရင်တုန်း​က အပစ်အခတ် ရပ်စဲ​ရေး​ လုပ်ပြီး​တော့​ လုပ်ငန်း​ စဉ်​တွေမှာ အ​ရေး​ကြီး​တဲ့​ အခန်း​ကဏ္ဍ​တွေကို အ​ကောင်အထည် ​ဖော် ခဲ့​ တယ် ဆိုတာကိုလည်း​ ​ပြောဖို့​သင့်​တယ်။ ​နောက်တခု အ​ရေး​ကြီး​တာ​တော့​ အခု ကျ​နော်တို့​ ​ပြော​နေတာက​တော့​ တခါပြန်ပြီး​ အပစ်အခတ် ရပ်စဲ​ရေး​ လုပ် တဲ့​ အခါမှာ ခိုင်ခိုင်မာမာ ဖြစ်ဖို့​ လိုတယ်။ ​နောင်ဖြစ်လာမယ့်​ စစ်ပွဲအတွက် ပြင်ဆင်တဲ့​အချိန် မဟုတ်ပဲနဲ့​ ​ရေရှည်တည်တံ့​ ခိုင်မြဲတဲ့​ ထာဝရ ငြိမ်း​ချမ်း​ရေး​ အတွက် ပြင်ဆင်နိုင်တဲ့​ အချိန်ဖြစ်ဖို့​ လိုတယ်။ ဒါ​ကြောင့်​မို့​ ဒီသ​ဘောတူညီ ချက် က ခိုင်မာရမယ်။ အဲဒီ​တော့​ ကျ​နော်တို့​ ​ပြောချင်တာက တိုက်ပွဲ​တွေကို ရပ်ပါလို့​ ​ပြော​နေယုံနဲ့​ မပြီး​ဘူး​။ ​ရှေ့​တန်း​မှာ ဖြစ်​နေတဲ့​ တိုက်ပွဲ အ​ခြေအ​နေနဲ့​ စစ်တပ်​တွေကို ဘယ်လို ဖယ်ရှား​ရမလဲ။ ဘယ်လို သ​ဘောတူကြမလဲဆိုတာ လုပ်ပြီး​တော့​ ခိုင်ခိုင်မာမာနဲ့​ အပစ်အခတ် ရပ်စဲ​ရေး​ သ​ဘောတူစာချုပ်နဲ့​ နိုင်ငံ ​ရေး​ ​ဆွေး​နွေး​မှု​တွေကို တပြိုင်ထဲလုပ်သွား​ဖို့​ လိုတယ်လို့​ ​ပြောချင်ပါတယ်။” အခု ဒီအစိုး​ရဘက်က​နေ ​ပြောတာက နိုင်ငံ​ရေး​အရ​ရော၊​ စစ်​ရေး​အရ​ရော အင်အား​ကြီး​ ဆိုလို့​ရှိရင် ​ကေအိုင်အို တဖွဲ့​တည်း​ပဲ ကျန်​တော့​တယ်၊​ ဒီတဖွဲ့​ က လည်း​ ​နောက်လာမယ့်​ ၃ လ ​လောက်အတွင်း​မှာ အပစ်အခတ် ရပ်စဲ​ရေး​ လက် မှတ် ထိုး​နိုင်မှာပါလို့​ ပြည်ပကို ​ပြောတာရှိတယ်။ တဆက်တည်း​မှာပဲ ထာဝရ ငြိမ်း​ချမ်း​ရေး​ ဆိုပြီး​တော့​ အစိုး​ရက ​ပြောတယ်။ အခု အပစ်ခတ်ရပ်စဲ​ရေး​ မူ အား​ဖြင့်​ လက်မှတ်ထိုး​ထား​တဲ့​ ရှမ်း​တို့​ တခြား​တို့​ဘက်မှာ ​သေနက်ပြန်​ဖောက် တာ ကြား​ရတယ်ဆို​တော့​ ​ကေအိုင်အို ဒု-စစ်ဦး​စီး​ချုပ် တ​ယောက် အ​နေနဲ့​ ထာဝရ ငြိမ်း​ချမ်း​ရေး​ဆိုတဲ့​ စကား​လုံး​နဲ့​ လက်​တွေ့​နယ်ပယ်မှာ ဖြစ်​နေတဲ့​ ဟာ ​တွေက​လေ ဘာ​တွေ ဖြည့်​ဆည်း​ဖို့​ လိုတယ်လို့​ ဗိုလ်မှူး​ချုပ်ဂွမ်​မော် ​ထောက်ပြ ချင်လဲ။ “အဓိကက​တော့​ ကျ​နော်တို့​ အရင် အုပ်ချုပ်မှု ယန္တရား​တွေရဲ့​ အား​နည်း​ ချက်ဟာ အခုထက်ထိ အရိပ်လို ပါလာတာ ဖြစ်မယ်။ ​နောက်တခုက​တော့​ အ​ခြေခံဥပ​ဒေအရ အာဏာခွဲ​ဝေ​ရေး​ အပိုင်း​ကို လက်​တွေ့​ကျင့်​သုံး​တဲ့​ ​နေရာမှာ တချို့​ဟာ​တွေ မ​အောင်မမြင် ဖြစ်နိုင်တယ်လို့​ သုံး​သပ်ပါတယ်။ ကျ​နော်တို့​ဘက်က​တော့​ ခုနက ​ပြောသလို ထာဝရတည်တံ့​ခိုင်မြဲတဲ့​ ငြိမ်း​ချမ်း​ ​ရေး​ ရရှိနိုင်ဖို့​အတွက် အပစ်အခတ်ရပ်စဲ​ရေး​ သ​ဘောတူညီချက်နဲ့​ နိုင်ငံ​ရေး​ ​ဆွေး​နွေး​ပွဲကို ပြုလုပ်နိုင်ဖို့​ စာချုပ်​တွေ၊​ သ​ဘောတူညီချက်​တွေ လုပ်ဖို့​အတွက် ဘယ်လိုပုံစံ လုပ်မယ်၊​ ဘယ်လို သ​ဘောတူညီမှုနဲ့​ ချုပ်ဆိုကြမယ် ဆိုတာကို ကျ​နော်တို့​က ဇန်နဝါရီ ၁၈၊​ ၁၉ အစည်း​အ​ဝေး​မှာ နိုင်ငံ​တော်အစိုး​ရ ကိုယ်စား​ လှယ် ဦး​အောင်​သောင်း​တို့​ဆီကို ​ပေး​ထား​ပြီး​ ဖြစ်ပါတယ်။ အဲဒီ​တော့​ ဒီ​နေ့​ အစည်း​အ​ဝေး​တွေမှာ ဒီကိစ္စ ​ဆွေး​နွေး​နိုင်လိမ့်​မယ်လို့​ ကျ​နော် ​မျှော်လင့်​ ထား​ တာ ဖြစ်ပါတယ်။” ​ဒေါ်​အောင်ဆန်း​စုကြည်က​နေပြီး​တော့​ ကချင်ပြည်နယ် စည်း​ရုံး​ရေး​ ခရီး​စဉ်မှာ ကျန်တဲ့​ တိုင်း​နဲ့​ ပြည်နယ် အသီး​သီး​နဲ့​ မတူဘဲနဲ့​ တနာရီ​ကျော် ​လောက် စကား​ပြောတယ်။ ​နောက်ပြီး​တော့​ ပင်လုံစိတ်ဓာတ် ဆိုတဲ့​ဟာကို အဓိက ​စောင်း​ပေး​ပြီး​တော့​ ​ပြောတယ်။ အဓိကအား​ဖြင့်​ မျိုး​ဆက်အသစ် ​တွေကို​ပေါ့​။ ပင်လုံစိတ်ဓာတ်နဲ့​ ပတ်သက်ပြီး​ လက်ဆင့်​ကမ်း​ကြပါလို့​ ​ပြောတယ်။ ​ကေအိုင်အိုကလည်း​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ မိန့်​ခွန်း​ကို ကြား​ပြီး​တော့​ ​လေ့​လာလိမ့်​မယ် ထင်တယ်။ ဒီမိန့်​ခွန်း​နဲ့​ ပတ်သက်လို့​ ​ကေအိုင်အိုရဲ့​ ရပ်တည်ချက်နဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည် ​ပြော​နေတဲ့​ ရည်ရွယ်ချက်​တွေနဲ့​လေ ဘယ်ဟာ​တွေမှာ တူညီပြီး​ ဘယ်ဟာ​တွေမှာ ကွာခြား​နေလဲဆိုတာ ​ပြောပြပါလား​။ “​ဒေါ်​အောင်ဆန်း​စုကြည် မိန့်​ခွန်း​နဲ့​ ပတ်သက်ပြီး​ ကျ​နော်တို့​လည်း​ အား​ရ ပါတယ်။ တကယ် လက်​တွေ့​ပိုင်း​ကို အဓိကထား​ပြီး​ ​ပြောသွား​တာ ဖြစ်တယ်လို့​ မြင်ပါတယ်။ အဲဒီ​တော့​ ​ဖြေရှင်း​ရမယ့်​ အပိုင်း​တွေကို ဘယ်လို လုပ်မလဲဆိုတဲ့​ လမ်း​ညွှန်​တွေကို ဒီမိန့်​ခွန်း​က​နေတဆင့်​ ကျ​နော်တို့​ လမ်း​ကြောင်း​ တခု ရှာ​ဖွေ နိုင်လိမ့်​မယ်လို့​ ​မျှော်လင့်​ပါတယ်။ ဒါ ကျ​နော်တို့​ရဲ့​ သ​ဘောထား​ပါ။” အခုလက်​တွေ့​မှာက​တော့​ ပြည်​ထောင်စု ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ရေး​ အဖွဲ့​နဲ့​ ​ကေအိုင်အို ကိုယ်စား​လှယ်အဖွဲ့​ ​ရွှေလီမှာ ၈ ရက်က​နေ ၁၀ ရက်ထိ ၃ ရက်ကြာ ​တွေ့​ကြမှာ​ပေါ့​။ “ဟုတ်ပါတယ်။ ​ရွှေလီမှာ အခုစ​နေပါပြီ။ ဘယ်နှရက်ကြာမယ် ဆိုတာ က​တော့​ မသိ​သေး​ဘူး​ခင်ဗျာ။ ကျ​နော်တို့​ အခု ၁၂ နာရီ ၄၅ မိနစ်က​နေ စပြီး​မှ အစည်း​အ​ဝေး​တွေ စတင်​နေပါပြီ။” ဒီပွဲမှာ ဗိုလ်မှူး​ချုပ်​ရော တက်မယ် မဟုတ်လား​။ “ကျ​နော် မတက်ဘူး​။ ကျ​နော်တို့​ ကိုယ်စား​လှယ်အဖွဲ့​ ၆ ဦး​ ​ရွေး​ထား​တာ ရှိပါတယ်။ အဲဒီကိုယ်စား​လှယ်အဖွဲ့​တွေ အခု အစည်း​အ​ဝေး​ လုပ်​နေကြ ပါ တယ်။” အစိုး​ရဘက်က ဦး​အောင်​သောင်း​တို့​ တက်လား​။ “ဦး​အောင်​သောင်း​ ​ခေါင်း​ဆောင်ပြီး​ တက်ပါတယ်။” ​ကေအိုင်အိုဘက်က ဘယ်သူ​ခေါင်း​ဆောင်ပါလဲ။ “ကျ​နော်တို့​ဆီက ဦး​ဆွန်လွတ်ကမ် ဖြစ်ပါတယ် ပညာ​ရေး​ဌာနက တာဝန်ခံဖြစ်ပြီး​တော့​ အမြဲတမ်း​ ဗဟို​ကော်မတီဝင် ဖြစ်ပါတယ်။” ဒီ​ဆွေး​နွေး​ပွဲက​နေပြီး​တော့​ ဗိုလ်မှူး​ချုပ် ဘာကို ​မျှော်လင့်​လဲ။ ဘယ်​လောက် ကြာကြာ​ပေါ့​။ ​ဆွေး​နွေး​ပွဲက​နေပြီး​တော့​ ဘယ်​လောက် ထိ​အောင် ​မျှော်လင့်​လဲ ​ကေအိုင်အို ဘက်က​နေ​လေ။ “​ကေအိုင်အိုက​နေ ​မျှော်လင့်​တာက​တော့​ နိုင်ငံ​ရေး​အရ ဆက်လက်ပြီး​ ​ဆွေး​နွေး​နိုင်တဲ့​ အစည်း​အ​ဝေး​တွေ လုပ်ပြီး​တော့​ ထာဝရတည်တံ့​ခိုင်မြဲတဲ့​ ငြိမ်း​ချမ်း​ရေး​လမ်း​ကြောင်း​ပေါ် ​ရောက်ဖို့​အတွက် ​မျှော်လင့်​ပါတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024