Home
မြန်မာသတင်း
သိပ္ပံနှင့်တီထွင်ဆန်းသစ်မှု သုတေသနစာတမ်းဖတ်ပွဲကျင်းပ
ထွန်းထွန်းသိန်း
·
August 10, 2017
ပတ်ဝန်းကျင်ညစ်ညမ်းမှုနဲ့ ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ သိပ္ပံနှင့်တီထွင်ဆန်းသစ်မှု သုတေသနစာတမ်းဖတ်ပွဲနဲ့ လက်တွေ့သရုပ်ဖော် ဆွေးနွေးပွဲကို ရန်ကုန်တက္ကသိုလ် သိပ္ပံခန်းမမှာ သြဂုတ် ၁၀ ရက်က စတင်ကျင်းပနေပါတယ်။ ဒီစာတမ်းဖတ်ပွဲကို ဥရောပကော်မရှင် အထောက်အပံနဲ့ ရန်ကုန်တက္ကသိုလ် သုတေသနနှင့်တီထွင်ဆန်းစစ်မှုဌာန စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့က ဦးဆောင်ကျင်းပတာပါ။ စာတမ်းဖတ်ပွဲမှာ သိပ္ပံ ဝိဇ္ဇာဌာနက သုတေသနပညာရှင်တွေ ပတ်ဝန်းကျင်နဲ့ ရာသီဥတုရေးရာ လေ့လာသူတွေ စတဲ့ စာတမ်းရှင်တွေက ၃ ရက်တိုင်တိုင် ဖတ်ကြားကြမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ရာသီဥတု ပြောင်းလဲမှုကြောင့် ထိခိုက်နိုင်တဲ့ ထိပ်ဆုံးနိုင်ငံတွေ စာရင်းမှာ နံပါတ် ၂ ရှိပြီး စက်ရုံတွေက ထွက်တဲ့ စွန့်ပစ်ပစ္စည်း အခိုးအခွေ့တွေကြောင့်လည်း ပတ်ဝန်းကျင် ထိခိုက်ညစ်ညမ်းမှုနဲ့ ကြုံတွေ့နေရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024