အသင်းအထက်တွင် မည်သည့်ကစားသမားမျှမရှိဟု ဘာစီလိုနာဥက္ကဋ္ဌ ပြော

ဓာတ်ပုံ - ရိုက်တာ
ဘာစီလိုအသင်းရဲ့အထက်မှာ မည်သည့်ကစားသမားမှ မရှိဘူးလို့ အသင်းဥက္ကဋ္ဌ ဘာတိုမြူက ပြောကြားလိုက်ပါတယ်။ ဘာတိုမြူအနေနဲ့ တိုက်စစ်မှူး နေမာကို ရောင်းချလိုက်တာနဲ့ပတ်သက်ပြီး အခုလို ပြောကြားလိုက်တာပါ။ နေမာအနေနဲ့ ထွက်ခွာသွားတာဟာ အကောင်းဆုံးနည်းလမ်း မဟုတ်ခဲ့ဘဲ ဘာစီလိုနာ ကစားသမားတဦးမှာ ရှိရမယ့် အပြုအမူ မဟုတ်ဘူးလို့ ဘာတိုမြူက ဝေဖန်ခဲ့ပါတယ်။ အသက် ၂၅ နှစ်ရှိ နေမာကို ပီအက်စ်ဂျီအသင်းက စာချုပ်ဖျက်သိမ်းကြေးဖြစ်တဲ့ ပေါင် ၁၉၈ သန်းနဲ့ ခေါ်ယူသွားတာပါ။ နေမာအနေနဲ့ အသင်းပြောင်းရွှေ့နိုင်တယ်လို့ ခန်မှန်းထားတဲ့အတွက် စာချုပ်ဖျက်သိမ်းကြေးကိုလည်း ပမာဏအများကြီး သတ်မှတ်ခဲ့တာလို့ ဘာတိုမြူက ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာမှာ နေမာမရှိတော့ပေမယ့် သူ့ကိုရောင်းချထားတဲ့ ပြောင်းရွှေ့ကြေးကနေ အရည်အသွေးမြင့် ကစားသမားတွေ ဝယ်ယူဖို့လည်း အသင်းဥက္ကဋ္ဌက စီစဉ်နေပါတယ်။ ဘာစီလိုနာ ပစ်မှတ်ထားနေတဲ့ ကစားသမားတွေထဲမှာ လီဗာပူးကွင်းလယ်ကစားသမား ကော်တင်ဟိုနဲ့ ဂျူဗင်တပ်တိုက်စစ်မှူး ဒီဘားလားတို့ ပါဝင်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up