Saturday, June 10, 2023
HomeLead StoryH1N1 ရာသီတုပ်ကွေးရောဂါကြောင့်သေဆုံးသူ ထပ်တိုးလာ

H1N1 ရာသီတုပ်ကွေးရောဂါကြောင့်သေဆုံးသူ ထပ်တိုးလာ

ဇူလိုင် ၂၁ ရက်ကနေ  သြဂုတ် ၈ ရက်မွန်းလွဲ ၂ နာရီအထိ H1N1 ရာသီတုပ်ကွေးရောဂါ  ကူးစက်ခံရပြီး သေဆုံးသူစုစုပေါင်း ၁၇ ဦး ရှိသွားပြီလို့  ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်းရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူ စုစုပေါင်း ၄၃၃ ဦးအနက် H1N1 ပိုးတွေ့ လူနာပေါင်း ၁၆၆ ဦးရှိပြီလို့လည်း ဆိုပါတယ်။

မနေ့မွန်းလွဲ ၂ နာရီအထိ အထူးကုဆေးရုံကြီး (ဝေဘာဂီ)မှာ  H1N1 ပိုးတွေ့ အတွင်းလူနာ ၁၉ ဦးနဲ့ အခြားတိုင်းဒေသကြီး၊ ပြည်နယ်ဆေးရုံကြီးတွေမှာ H1N1 ပိုးတွေ့ အတွင်းလူနာ ၄၁ ဦး၊ စုစုပေါင်း ၆၀ ဦး ဆက်လက်ဆေးဝါးကုသမှု ခံယူနေရပြီး အများစုကတော့  သက်သာတယ်လို့ သိရပါတယ်။

H1N1 ပိုး တွေ့ရှိပေမယ့် ရာသီတုပ်ကွေးရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးကြောင့် သေဆုံးတာ မဟုတ်ဘဲ အခြားရောဂါအခံတွေကြောင့် သေဆုံးသူစုစုပေါင်း ၁၃ ဦး ရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် ခုခံကျကာလသားရောဂါ၊ ကျောက်ကပ်ရောဂါ၊ ပြင်းထန် အဆုတ်တီဘီရောဂါစ တဲ့ အခြားရောဂါအခံရှိသူတွေနဲ့ ရာသီတုပ်ကွေးရောဂါ ပြင်းထန်စွာခံစားရနိုင်တဲ့ အသက်အရွယ်ကြီးသူတွေ၊ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ရောဂါကာကွယ်ရေး နည်းလမ်းတွေကို စနစ်တကျ အထူးသတိပြု လိုက်နာကြဖို့ နှိုးဆော်ထားပါတယ်။

ရောဂါလက္ခဏာတွေ ခံစားနေရရင်  နီးစပ်ရာ ကျန်းမာရေးဌာန ဆေးရုံ၊ ဆေးခန်းတွေကို အမြန်ဆုံး သွားရောက်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular