Home
မြန်မာသတင်း
မြန်မာအိမ်ဖော် ၁ ဦး ထိုင်းနိုင်ငံတွင် သေနတ်ဒဏ်ရာဖြင့်သေဆုံး
DVB
·
August 8, 2017
  ထိုင်းနိုင်ငံအနောက်ပိုင်း ရာ့ခ်ျပူရီခရိုင် ဘန့်ပုန်မြို့ထဲမှာ သြဂုတ်လ ၆ ရက်နေ့က မြန်မာ အိမ်ဖော်အလုပ်သမား အမျိုးသမီးတစ်ဦး သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားတယ်လို့ ထိုင်းရတ်သ တင်းမှာ ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၆ ရက်နေ့ ည ၇ နာရီအချိန်က ဘန့်ပုန်မြို့မြူနီစီပယ်ရပ်ကွက်ရှိ အိမ်တစ် အိမ်မှာ လူသေမှုဖြစ်ပွားကြောင်း သတင်းပေးချက်အရ တာဝန်ရှိသူတွေနဲ့အတူ သွားရောက်စစ်ဆေးရာမှာ နှစ်ထပ်အိမ်အပေါ်ထပ် အ၀တ်အစား မီးပူတိုက်တဲ့အခန်းထဲမှာ သွေးအိုင်ထဲ လဲကျသေဆုံးနေတဲ့ အသက် ၂၀ ကျော်ရွယ် မိန်းကလေးတယောက်ကို တွေ့ရတာလို့  ဘန့်ပုန်မြို့နယ်ရဲစခန်း တာဝန်ကျဒုရဲမှူး ဆုခ်ဆရီ ချန်းစကြာ်က သတင်းထောက်ကို ပြောပါတယ်။ မိန်းကလေးရဲ့ နားထင်မှာ ကျည်ဆန်ဖောက်ထွက်သွားတဲ့ ဒဏ်ရာရှိပြီး သူ့အနီးမှာ ၉ မမ ပစ္စတို တလက်နဲ့  စားပွဲခုံအောက်မှာ ကျည်ခွံအလွတ် ၂ တောင့် တွေ့ရတယ်လို့ ဒုရဲမှူးက ဆက်ပြောပါတယ်။ အိမ်ရှင်ဖြစ်သူ နိုင်းကလိန်းဆဒ်ဒီ ဆီရတ်နပဆစ် (အသက် ၄၇ နှစ်) ပြောပြချက်အရ သေဆုံးသူ မိန်းကလေးမှာ သူတို့ရဲ့အိမ်ဖော် မြန်မာအလုပ်သမား နန်းဝမ် (၂၃ နှစ်)ဆိုသူ ဖြစ်ကြောင်း ၊ အခင်းဖြစ်တဲ့ညက မိုးတွေလည်းရွာနေပြီး အပေါ်ထပ်မှာ သေနတ်သံကြားကြောင်း သမီးဖြစ်သူက လာပြောတဲ့အတွက် သွားရောက်ကြည့်ရှုရာမှာ နန်းဝမ်မှ သူ့ကိုယ်သူ သေနတ်နဲ့ အဆုံးစီရင်ပြီး သေဆုံးနေတာတွေ့ရလို့  ရဲစခန်းကို အကြောင်းကြားခဲ့တာလို့  ဆိုပါတယ်။ သေနတ်ကတော့ အိမ်ရှင်ရဲ့သေနတ်ဖြစ်ပြီး သူ့အိပ်ခန်းထဲ ထားထားကြောင်း၊ နန်းဝမ်က သူ့သေနတ်ကို ခိုးယူပြီး သူ့ကိုယ်သူ သတ်သေခဲ့ကြောင်း၊ သူ့ညာဘက်နား ထင်ကနေ ပစ်ထည့်လိုက်တာ ဘယ်ဘက်နားထင်ကိုပေါက်ပြီး ဘေးအိမ်ကိုပါ ကျည်ဆန်အနည်းငယ်မှန်သွား တယ်လို့ ဆိုပါတယ်။ ဆက်လက်ပြီး အိမ်ရှင်ဖြစ်သူက -  နန်းဝမ် နဲ့ သူ့အမ လုဝါ တို့ဟာ  သူတို့အိမ်မှာ ၃ နှစ်ခန့် အလုပ်လုပ်နေကြောင်း၊ နန်းဝမ်ဟာ ဒီနှစ်ကုန်ပြီး လာမယ့်နှစ်ဆန်းပိုင်းကျရင် အိမ်ပြန်ဖို့ ခွင့်တောင်းထားကြောင်း၊ ဒါပေမယ့် သူ့အမက အခင်းဖြစ်တဲ့နေ့ နေ့ခင်း ၁၂ နာရီလောက် ကတည်းက သူမသိအောင် အ၀တ်အစားသိမ်းပြီး အရင်ပြန်နှင့်ကြောင်း၊ နန်းဝမ်က သိတဲ့အခါ သူ့အမကို ပြန်လာဖို့ ဖုန်းအကြိမ်ကြိမ်ဆက်ပေမယ့် ဆက်သွယ်လို့မရတာကြောင့် အမဖြစ်သူမှ သူ့ကိုပစ်ထားရက်တယ်ဆိုပြီး စိတ်အားငယ်ကာ သူ့ကိုယ်သူ အဆုံးစီရင်သွား တာဖြစ်တယ်လို့  ရဲတပ်ဖွဲ့ကို ပြောပါတယ်။ ရဲစခန်းကတော့ သက်သေပစ္စည်းအားလုံးကို သိမ်းဆည်းသွားပြီး ရဲစခန်းမှာ သေမှုသေခင်းနဲ့အမှုဖွင့်ထားသလို နောက်ထပ် စုံစမ်းစစ်ဆေးရေးတွေ ဆောင်ရွက်သွားဦးမယ်လို့ ပြောပါတယ်။   
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024