Monday, May 29, 2023
HomeLead Storyကဘူးလ်မြို့ရှိ နိုင်ငံခြားသံရုံးများနှင့် အစိုးရရုံးရှိရာ နေရာများတွင် လုံခြုံရေးတင်းကျပ်

ကဘူးလ်မြို့ရှိ နိုင်ငံခြားသံရုံးများနှင့် အစိုးရရုံးရှိရာ နေရာများတွင် လုံခြုံရေးတင်းကျပ်

အာဖဂန်နစ္စတန်နိုင်ငံ အာဏာပိုင်တွေက မြို့တော် ကဘူးလ်မှာရှိတဲ့ နိုင်ငံခြားသံရုံးတွေနဲ့ အစိုးရရုံးတွေရှိတဲ့ နေရာကို လုံခြုံရေး တင်းကျပ်ထားပါတယ်။

မြို့တော်ထဲမှာ အသေခံဗုံးခွဲမှု အတော်များများ ဖြစ်ခဲ့လို့ လူတွေ ရာနဲ့ချီ သေဆုံးအပြီး ခုလို တင်းကျပ်လိုက်တာပါ။

ဒီဖြစ်ရပ်တွေကြောင့် အနောက်နိုင်ငံတွေက ကျောထောက်နောက်ခံပေးထားတဲ့ အစိုးရအပေါ် ယုံကြည်မှု ကျဆင်းနေပါတယ်။

မေ ၃၁ ကုန်ကားဗုံးခွဲမှုကြောင့် အနည်းဆုံး လူအယောက် ၁၅၀ လောက် သေဆုံးအပြီး ၂ လအကြာမှာ အကြီးဆုံးတိုက်ခိုက်မှု ဖြစ်ခဲ့တာပါ။

ဒါကြောင့် မြို့တော်တလွှားက အဓိကလမ်းဆုံတွေမှာ လုံခြုံရေးကင်မရာတွေ၊ ဓာတ်မှန်ရိုက်ကိရိယာ၊ စကင်နာတွေ အတော်များများ တပ်ဆင်ခဲ့ပါတယ်။

အမေရိကန်အစိုးရက အာဖဂန်အတွက် ဗျူဟာသစ်တွေထုတ်ရေး ကြိုးစားအပြီး ခုလို လုပ်ဆောင်ချက်သစ်တွေ ဆောင်ရွက်ခဲ့တာပါ။

ဒါဟာ နေတိုးဦးဆောင်တဲ့ ညွန့်ပေါင်းတပ်တွေက ၂၀၁၄ မှာ စစ်ဆင်ရေး အဆုံးသတ်အပြီး လုံခြုံရေးအခြေအနေ ဘယ်လိုဖြစ်လာတယ်ဆိုတာကို ထင်ရှားစေတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။

ကဘူးလ်မြို့လယ်ဟာ ခုတော့ လက်နက်ကိုင်စစ်ဆေးရေးစခန်းတွေ၊ ဖောက်ခွဲခံခဲ့ရတဲ့ နံရံတွေကြောင့် စစ်မက်ဖြစ်ပွားရာဇုန်နဲ့ ပိုတူလာနေပါတယ်။

ဒီနှစ် ပထမ ၆ လအတွင်း အသေခံဖောက်ခွဲမှုနဲ့ တိုက်ခိုက်မှုတွေကြောင့် လူ ၂၀၉ ဦး သေဆုံးခဲ့လို့ ကဘူးလ်မြို့ဟာ အရပ်သားတွေအတွက် အန္တရာယ်အများဆုံးမြို့ ဖြစ်နေတယ်လို့ ကုလသမဂ္ဂ ကိန်းဂဏန်းတွေ ဆိုပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular