ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
August 7, 2017
ပဲစင်းငုံ
ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ ပဲစင်းငုံက ၁ တန်ကို ငွေကျပ် ၅၇၀,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ တန်ကို ၂၉,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
မတ်ပဲ
မတ်ပဲကတော့ ဒီနေ့မှာ ၁ တန်ကို ငွေကျပ် ၇၅၁,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ တန်ကို ၁,၀၀၀ ကျပ် ဈေးတက်လာပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ ဒီနေ့မှာ ၁ ပိဿာကို ငွေကျပ် ၁,၇၅၀ ကနေ ၂,၂၅၀ ကျပ်အထိ ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၃၅ ကျပ် ဈေးတက်လာပါတယ်။
ကုလားပဲလုံး
ကုလားပဲလုံးကတော့ ဒီနေ့မှာ ၁ ပိဿာကို ၃၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ၂,၀၀၀ ကျပ်ကနေ ငွေကျပ် ၂,၀၅၀ ပေါက်ဈေးရှိပါတယ်။
ငရုတ်ပွ
ငရုတ်ပွကတော့ ဒီနေ့မှာ ၁ ပိဿာကို ၂၀၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ၄,၆၀၀ ကျပ်ကနေ ငွေကျပ် ၅,၀၀၀ ပေါက်ဈေးရှိပါတယ်။
ကုလားပဲခြမ်း
ကုလားပဲခြမ်းကတော့ ဒီနေ့မှာ ၁ ပိဿာကို ငွေကျပ် ၂,၇၀၀ ကနေ ၂၇၅၀ ကျပ် ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၁၀၀ ကျပ် ဈေးတက်လာပါတယ်။
နှမ်းနက်(စမုံ)
မန္တလေး ကုန်စည်ဒိုင်မှာတော့ နှမ်းနက်(စမုံ)က ၁ အိတ်ကို ၃,၀၀၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ပေါက်ဈေးက ၁ အိတ်ကို ငွေကျပ် ၁၁၅,၀၀၀ ကနေ ၁၃၀,၀၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။
စွန်တာပြာ
စွန်တာပြာက ဒီနေ့မှာ ၁ အိတ်ကို ၈၀,၀၀၀ ကနေ ငွေကျပ် ၈၁,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၃,၀၀၀ ကျပ် ဈေးတက်လာပါတယ်။
အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့ အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။
သတင်း- AMIA