Homeသတင်းဓာတ်ပုံ
ရှစ်လေးလုံးတွင် ကျဆုံးသွားသည့်သူများကို ရည်စူးပြီး မန္တလေးတွင် သံဃာများကို ဆွမ်းလှူဒါန်း
ရှစ်လေးလုံးတွင် ကျဆုံးသွားသည့်သူများကို ရည်စူးပြီး မန္တလေးတွင် သံဃာများကို ဆွမ်းလှူဒါန်း
DVB
·
August 7, 2017
ဒီနှစ် ၂၉ နှစ်မြောက် ရှစ်လေးလုံး လူထုဒီမိုကရေစီ အရေးတော်ပုံမှာ အသက်ပေး ကျဆုံးသွားတဲ့ ရဟန်းရှင်လူ ကျောင်းသား ကျောင်းသူများ သူရဲကောင်း ရဲဘော်တွေကို ရည်စူးပြီး ဒီနေ့ မနက်ပိုင်းက မန္တလေးမြို့ ၈၆ လမ်းနဲ့ ၃၁ လမ်း၊ ၃၂ လမ်းကြားမှာ သံဃာတော်တွေကို ပင့်ဖိတ်ပြီး လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။
မြန်မာနိုင်ငံ ရှစ်လေးလုံး လူထုဒီမိုကရေစီ အရေးတော်ပုံမှာ အောင်ဆန်းကြယ်နီ သပိတ်ခေါင်းဆောင်အဖြစ် ပါဝင်လှုပ်ရှားခဲ့ပြီး မန္တလေးမြို့က သေဒဏ်ကြိုးမိန့် ချခံရသူတဦး ဖြစ်တဲ့ ဦးစိုးဝင်းမြင့်နဲ့ မိသားစုတွေက သံဃာတော် ၂၉ ပါးကို ရှစ်လေးလုံးအကြိုအဖြစ် သင်္ကန်းကပ်လှူတာနဲ့ ဆွမ်းလောင်းလှူဒါန်းတာတွေ ပြုလုပ်ခဲ့တာပါ။