မောင်တောမြို့နယ်တွင် ရာအိမ်မှူးဟောင်း ၁ ဦး အသတ်ခံရ
DVB
·
August 7, 2017
မောင်တောမြို့နယ် ရွှေဇားကျေးရွာအုပ်စုရွှေဇား ကပ္ပကောင်းကျေးရွာနေ ရာအိမ်မှူးဟောင်း တစ်ဦး သြဂုတ်လ ၆ ရက်နေ့မနက်ပိုင်းက အသတ်ခံခဲ့ရကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။
ကျေးရွာသားတွေအနေနဲ့ မနက် ၁၀ နာရီလောက်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အလောင်း တစ်လောင်းတွေ့ရှိကြောင်း သတင်းပို့ချက်အရ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ရွှေဇား ကျေးရွာအုပ်စု ရွှေဇား ကပ္ပကောင်းကျေးရွာနေ ရာအိမ်မှူးဟောင်း ဟူဆောင်း အသက် (၇၀) နှစ်ဖြစ်ပြီး လည်ပင်း ပြတ်ရှဒဏ်ရာ တချက်၊ ဦးခေါင်းထိပ်တည့်တည့် ပြတ်ရှဒဏ်ရာတစ်ချက် ဦးချိုစောင်း ၀ဲ/ယာ ပြတ်ရှဒဏ်ရာတစ်ချက် တို့ဖြင့် သေဆုံးနေကြောင်းတွေ့ရှိခဲ့ကြောင်း ဖော်ပြပါတယ်။
သေဆုံးသူမှာ မနေ့မနက်ပိုင်းက တစ်ဦးတည်းဈေးဝယ်ထွက်စဉ် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ပြီး တရားခံအားဖမ်းဆီးရမိနိုင်ရေး စုံစမ်းစစ်ဆေး ဖော်ထုတ် လျက်ရှိကြောင်း ဖော်ပြပါတယ်။