Home
မြန်မာသတင်း
ထိုင်သပိတ်နှင့် ပူးပေါင်းပါဝင်ခြင်း မပြုသည့်အပေါ် ကျေးဇူးတင်ကြောင်း ထုတ်ပြန်
DVB
·
August 7, 2017
အစိုးရဆင်းပေးဖို့အတွက် မျိုးချစ်အဖွဲ့အမည်ခံ သံဃာနဲ့ လူပုဂ္ဂိုလ်တချို့တို့က မြို့ကြီး ၃ မြို့မှာ ထိုင်သပိတ်ပြုလုပ် ဆန္ဒပြခဲ့ရာမှာ ပူးပေါင်းပါဝင်ခဲ့ခြင်းမရှိတဲ့ ပြည်သူလူထုတွေကို ကျေးဇူးတင်တဲ့အကြောင်း  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက ထုတ်ပြန်ပါတယ်။ ပြည်သူလူထုအနေနဲ့  ထိုင်သပိတ်ကို ထောက်ခံခြင်း၊ ပူးပေါင်းပါဝင်ခြင်းတွေ မလုပ်ခဲ့တဲ့အပြင် သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေကလည်း ဥပဒေနဲ့အညီ တည်ငြိမ်စွာနဲ့ ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်ခဲ့ကြတယ်၊ နိုင်ငံရဲ့ ရေရှည်အကျိုးကို မျှော်ကိုးပြီး နိုင်ငံသူနိုင်ငံသားတို့က တာဝန်သိစိတ်နဲ့ ရပ်တည်ခဲ့တဲ့အတွက် ကျေးဇူးဥပကာရ အထူးပင် တင်ရှိတယ်လို့လည်း သြဂုတ် ၆ ရက် နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးမြို့တွေမှာ သြဂုတ် ၂ ရက်ကနေ ၅ ရက်အထိ မျိုးချစ်အဖွဲ့အမည်ခံ သံဃာနဲ့ လူပုဂ္ဂိုလ်တချို့တို့က လက်ရှိအစိုးရဟာ တိုင်းပြည်အကျိုးစီးပွားကို ပျက်စီးအောင် ဆောင်ရွက်နေတယ်ဆိုပြီး ထိုင်သပိတ်တွေပြုလုပ်ကာ ဆန့်ကျင် ဆန္ဒပြခဲ့ကြတာပါ။ သြဂုတ် ၅ ရက်နေ့ မနက်ပိုင်းမှာ မန္တလေးက သပိတ်စခန်းကို အာဏာပိုင်တွေက  ဝင်ရောက်ဖမ်းဆီး ဖြိုခွဲလိုက်ပြီးနောက် ရန်ကုန်နဲ့ တောင်ကြီးက သပိတ်စခန်းတွေလည်း ပိတ်သိမ်းသွားခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024