ကမ္ဘာ့လူကုန်ကူးမှုဆန့်ကျင်ရေးနေ့ လူထုစည်းရုံးလှုံ့ဆော်မှု ပြုလုပ်
DVB
·
August 6, 2017
ကမ္ဘာ့လူကုန်ကူးမှုဆန့်ကျင်ရေးနေ့ လူထုစည်းရုံးလှုံ့ဆော်မှု အစီအစဉ်ကို သြဂုတ်လ ၆ ရက်နေက ပြည်သူ့ရင်ပြင်မှာ ပြုလုပ်ခဲ့ပါတယ်။
အခုလို လူကုန်ကူးမှုတားဆီးရေး လှုပ်ရှားမှုတွေ ပြုလုပ်တဲ့အတွက် ပြည်သူလူထုအနေနဲ့ ပြောင်းလဲလာတဲ့ လူကုန်ကူးမှု ပုံစံတွေသိရှိလာစေဖို့အတွက် ရည်ရွယ်တယ်လို့ အမှတ် ၆ လူကုန်ကူးမှု တားဆီးရေးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုရဲမှူး ဝင်းမြင့်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ လူကုန်ကူးမှုဖြစ်ပွားမှုအများဆုံးကတော့ အမျိုးသမီးတွေဖြစ်ပြီး ၄၉ ရာခိုင်နှုန်းထိ ဖြစ်ပွားနေတယ်လို့ မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။