Saturday, June 10, 2023
HomeLead Storyပိုလန်ဂီတပွဲတော်ကြီးမှ ရွှံ့ရေအိုင်ထဲ ဆော့ကစားကြသူများ (ဓာတ်ပုံ)

ပိုလန်ဂီတပွဲတော်ကြီးမှ ရွှံ့ရေအိုင်ထဲ ဆော့ကစားကြသူများ (ဓာတ်ပုံ)

ပိုလန်နိုင်ငံမှာ မတူကွဲပြားခြင်းနဲ့ သည်းခံခြင်းကို ကျင်းပ ပြသတဲ့အနေနဲ့ “ပိုလန် ဝုဒ်စတော့က် ဂီတပွဲတော်ကြီး” မှာ ပွဲတော်လာရောက်သူ အမျိုးသမီးအချို့ဟာ သူတို့ရဲ့အတွင်းခံဘရာစီယာတွေကို ချွတ်ပြီး ကခုန်ကြ ရွှံ့ရေအိုင်တွေထဲ ဆော့ကစားခဲ့ကြတာတွေကို ဓာတ်ပုံအရိုက်ခံခဲ့ကြပါတယ်။

ဒီပွဲတော်က လက်တလော ရှေးရိုးဆန်ပြီး ရွှေ့ပြောင်းနေထိုင်သူတွေကို ဆန့်ကျင်တဲ့ အစိုးရရဲ့ ဖိနှိပ်မှုခံထားရပြီး၊ ဥပဒေနဲ့ မျှတမှု (Law & Justice) ဆိုတဲ့ ရှေးရိုးဆန် ကက်သလစ်ဘာသာကို ထောက်ခံတဲ့ လက်ရှိအာဏာရပါတီရဲ့ ကန့်သတ်ချုပ်ချယ်မှုတွေနဲ့ ဖိအားအသစ်တွေ ပွဲတော်ကျင်းပခြင်းအပေါ် ထုတ်ပြန်ထားလို့ ဒီနှစ်မှာ ဒီဂီတပွဲတော်ကြီးကို ပွဲတော်ဆင်နွှဲသူတွေက ဆန့်ကျင်စိတ်တွေနဲ့အတူ ကျင်းပခဲ့တာလို့ သိရပါတယ်။

ဂျာမန်နယ်စပ်နားက မြို့မှာ ကျင်းပတဲ့ ပွဲတော်ကို ပြည်ထဲရေးဝန်ကြီးက “အန္တရာယ်များတဲ့ပွဲအဖြစ်” သတ်မှတ်ပြီး ပွဲစီစဉ်သူတွေကို လုံခြုံရေးတွေ ပိုမိုငှားရမ်းစီစဉ်ဖို့ ဖိအားပေးခဲ့တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့နှစ်က ကျင်းပတဲ့ပွဲတော်အတွက်လည်း ဂျာမဏီဘက်က လုံခြုံရေး စီစဉ်ပေးပေမယ့် ပိုလန်နိုင်ငံရဲ့မြို့တော် ဝါဆောဘက်အခြမ်းကတော့ လုံခြုံရေး ပေးဖို့ ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။

သုံးရက်ကြာကျင်းပတဲ့ ဒီပွဲတော်ကြီးမှာ ရော့ခ်တးဂီတပွဲတွေ၊ လူမျိုးခွဲခြားရေး ဆန့်ကျင်တဲ့ အလုပ်ရုံဆွေးနွေးပွဲတွေနဲ့ ဘောလုံးပွဲတွေအပါအဝင် သည်းခံခြင်းကို ပိုမိုမြှင့်တင်စေတဲ့ ပွဲတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အတိုက်အခံပါတီအဖွဲ့ဝင်တော်တော်များများလည်း သြဂုတ် ၃ ရက်နေ့က ပွဲတော်ကို လာရောက်ခဲ့ကြပြီး အခုတကြိမ်နဲ့ဆို ပွဲတော်ကျင်းပလာတာ ၂၃ ကြိမ်ရှိပြီလို့ သည်ဆန်းသတင်းမှာ သြဂုတ် ၅ ရက်နေ့က ဖော်ပြထားပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular