တူရကီလက်ရွေးစင်ဘောလုံးအသင်း နည်းပြအဖြစ် လူဆက်စကူကို ခန့်အပ်

တူရကီဘောလုံးအဖွဲ့ချုပ်က လက်ရွေးစင် ဘောလုံးအသင်း နည်းပြအဖြစ် ယူကရိန်းကလပ် ရှာတာ ဒွန်းတက်ခ် နည်းပြဟောင်း လူဆက်စကူကို ခန့်အပ်လိုက်ပါတယ်။ နည်းပြဟောင်းနဲ့ လမ်းခွဲအပြီးမှာ တူရကီအသင်းက နည်းပြသစ်နဲ့ အစားထိုးလိုက်တာပါ။ ရိုမေးနီးယားလူမျိုး နည်းပြ လူဆက်စကူဟာ ရှာတာဒွန်းတက်ခ် အသင်းမှာ ၁၂ နှစ်ကြာ တာဝန်ယူခဲ့ပြီး ပြည်တွင်း အမှတ်ပေးလိဂ်ဖလား ၈ ကြိမ် ရယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ယူအီးအက်ဖ်အေဖလားကို ၂၀၀၉ မှာ ရယူနိုင်ခဲ့ပါတယ်။ အသက် ၇၂ နှစ်အရွယ် နည်းပြဟာ ရိုမေးနီးယား လက်ရွေးစင်အသင်းကို တာဝန်ယူခဲ့ဖူးသလို အင်တာမီလန်၊ ဂါလာတာစာရေနဲ့ ဘီဆစ်တက်အသင်းတွေကိုလည်း ကိုင်တွယ်ခဲ့ပါတယ်။

More News
Up