Home
မြန်မာသတင်း
အစိုးရနုတ်ထွက်ပေးရေး တောင်းဆိုနေသည့် ရန်ကုန်သပိတ်စခန်း ရုပ်သိမ်း
DVB
·
August 5, 2017
အစိုးရနုတ်ထွက်ပေးရေးအတွက် တောင်းဆိုတဲ့ ရန်ကုန်သပိတ်စခန်းကို ဒီကနေ့ ညနေပိုင်းမှာ ရုပ်သိမ်းသွားပါတယ်။ အမျိုးသားရေးလှုပ်ရှားသူတွေလို့ အမည်ခံထားတဲ့ သံဃာနဲ့ လူတချို့တို့ ဖွင့်လှစ်ထားတဲ့ ရန်ကုန်မြို့ ကြေးသွန်းဘုရားဝင်ပေါက်က သပိတ်စခန်းကို ယာယီ ရပ်ဆိုင်းလိုက်တာပါ။ သပိတ်စခန်းက ဘုန်းကြီးတွေနဲ့ တိုင်းသံဃာနာယကအဖွဲ့တို့ နေ့လယ်ပိုင်းက တွေ့ဆုံခဲ့ပြီး သူရဦးအောင်ကိုကို အမြန်ဆုံးဖြုတ်ချပေးဖို့ အပါအ၀င် အချက် ၃ ချက်ကို တိုင်းသံဃာနာယကက အထက်ကို တင်ပြပေးမယ်လို့ သဘောတူညီမှု ရရှိတဲ့အတွက် သပိတ်စခန်းကို ပိတ်သိမ်းတာလို့ ဦးဆောင်ဆရာတော် ဦးပညာဝံသကပြောပါတယ်။ တောင်းဆိုချက်တွေ မရရင်တော့ သပိတ်စခန်းပြန်ဖွင့် တောင်းဆိုမယ်လို့ ပြောပါတယ်။ မန္တလေးမြို့မှာ အလားတူတောင်းဆိုမှုတွေပြုလုပ်နေတဲ့ သပိတ်စခန်းကိုတော့ ဒီနေ့ အစောပိုင်းက သက်ဆိုင်ရာတာဝန်ရှိသူတွေက ဝင်ရောက်ရှင်းလင်းမှုတွေပြုလုပ်ပြီး ပါဝင်သူတွေကို ထိန်းသိမ်းခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ တောင်ကြီးမြို့မှာ ဖွင့်လှစ်ထားတဲ့ သပိတ်စခန်းကိုလည်း ရုပ်သိမ်းသွားခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024