နေမာ ပီအက်စ်ဂျီအသင်းနှင့်အတူ လေ့ကျင့်ခန်း စဆင်း

ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာတဲ့ ပီအက်စ်ဂျီတိုက်စစ်မှူးသစ် နေမာဟာ သူ့ရဲ့ ပထမဆုံးလေ့ကျင့်ခန်း အစီအစဉ်ကို သြဂုတ် ၄ ရက်နေ့ ပြုလုပ်ခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ပြင်သစ်လီဂူးအဖွင့်ပွဲစဉ်အဖြစ် ဒီနေ့ညမှာ  Amiens အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာပါ။ ပီအက်စ်ဂျီအသင်းမှာ ဘရာဇီးလက်ရွေးစင်အသင်းဖော်တွေဖြစ်တဲ့ သီယာဂိုဆေးလ်ဗား၊ အဲလ်ဗက်စ်၊ လူးကပ်စ် မိုရာ တို့ရှိနေတဲ့အတွက် ကစားကွက်နဲ့ အမြန်ဆုံးအံဝင်လိမ့်မယ်လို့ နေမာကပြောပါတယ်။ ပီအက်စ်ဂျီအသင်းကို ရောက်လာတဲ့အတွက် ဘရာဇီးအသင်းဖော်တွေကလည်း ပျော်ရွှင်နေပြီး မိမိရဲ့အိမ်လိုပဲ နွေးထွေးမှုရှိစေတယ်လို့လည်း နေမာကဆိုပါတယ်။ အသက်၂၅ နှစ်ရှိ နေမာဟာ ပြီးခဲ့တဲ့သောကြာနေ့က အသင်းနဲ့ တရားဝင်စာချုပ်ချုပ်ဆိုခဲ့ပြီး ပရိသတ်များစွာက လာရောက်ကြိုဆိုခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up