Home
မြန်မာသတင်း
မြိတ်မြို့နယ် ဒုစရိုက်မှုလျော့ကျရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်
DVB
·
August 5, 2017
မြိတ်မြို့နယ်အတွင်း ဒုစရိုက်မှုလျှော့နည်းရေးအတွက် မော်တော်ယာဉ်တွေကို ပိတ်ဆို့စစ်ဆေးတာကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နေပါတယ်။ မြိတ်မြို့နယ်အတွင်း ညပိုင်းအချိန်တွေမှာ ပါဝါအိပ်ဇောတပ်ဆင်မောင်းနှင်တဲ့ ဆိုင်ကယ်တွေ၊ နံပါတ်ပြား မတပ်ဆင်သည့်ဆိုင်ကယ်တွေနဲ့ အရှိန်ပြင်းစွာမောင်းနှင်တဲ့ ဆိုင်ကယ်တွေကို အဖွဲ့စုံပူးပေါင်းပြီး စစ်ဆေးအရေးယူနေတယ်လို့ အမှတ် ၇၆ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူး ကိုကိုက ပြောပါတယ်။ “လမ်းတွေပေါ်မှာ ဆိုင်ကယ်နံပါတ်ပြားမပါဘဲ မောင်းနေတဲ့ ဆိုင်ကယ်တွေ၊ မော်တော်ကားတွေ၊ ထော်လာဂျီတွေနဲ့ တုတ်တုတ်(သုံးဘီးဆိုင်ကယ်)တွေကို အဓိကစစ်ဆေး အရေးယူနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုနံပါတ်ပြားမပါဘဲ မောင်းနှင်နေတဲ့ မော်တော်ယာဉ်တွေ ဒုစရိုက်မှုကျူးလွန်ကြတာများပါတယ်။ တခုခုဖြစ်သွားရင် ဘယ်ဆိုင်ကယ်၊ ဘယ်သူဘယ်ဝါဆိုတာ လိုက်လံအရေးယူဖို့ အလွန်ခက်ခဲပါတယ်။ ဒီလိုဖြစ်စဉ်မျိုး ဖြစ်ပွားခဲ့တာမျိုး ရှိခဲ့ဖူးတဲ့အတွက် ကျနော်တို့အနေနဲ့ နံပါတ်ပြားမပါဘဲ မောင်းနှင်နေတဲ့ မော်တော်ယာဉ်တွေကို ခွင့်ပြုထားတော့မှာ မဟုတ်ဘူး။ အခုဖမ်းဆီးရမိထားတဲ့ မော်တော်ယာဉ်အားလုံးကို တရားရုံးမှာ တရားစွဲဆိုသွားမှာဖြစ်တယ်” လို့  ပြောပါတယ်။ အရှိန်အဟုန်မြှင့်စစ်ဆေးမှုတွေ ဆောင်ရွက်နေတဲ့ သုံးရက်အတွင်း နံပတ်ပြား တပ်ဆင်ထားခြင်းမရှိဘဲ မောင်းနှင်နေတဲ့ မော်တော်ယာဉ် အစီးရေ ရာနဲ့ချီ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါစီမံချက်ကို မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရဲ့ လမ်းညွှန်မှုနဲ့ မြိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးဆောင်မှုနဲ့ ဆောင်ရွက်တာဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တွေအပြင် အရံမီးသတ်တပ်ဖွဲ့ဝင်တွေ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေလည်း ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024