ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့သွားတဲ့ နေမာက ဘာစီလိုနာအသင်းဖော်တွေနဲ့ ပရိသတ်တွေကို သူ့ရဲ့ အင်စတာဂရမ်အကောင့်ကနေ နှုတ်ဆက်စကား ပြောကြားလိုက်ပါတယ်။
တိုက်စစ်မှူး နေမာဟာ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းဆီ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် ၁၉၈ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာပါ။
ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့သွားတာဟာ စိန်ခေါ်မှုတွေကို လိုချင်လို့ဖြစ်ပြီး ဘာစီလိုနာအသင်းနဲ့ အခြေစိုက်ရာနေရာဖြစ်တဲ့ ကတ်တလန်ဒေသဟာ မိမိနှလုံးသားထဲမှာ အမြဲရှိနေမှာဖြစ်တယ်လို့ နေမာက ပြောပါတယ်။
ဒါ့အပြင် ဘာစီလိုနာအသင်းမှာ မက်ဆီ၊ ဆွာရက်ဇ်တို့လို ကစားသမားကောင်းတွေနဲ့ အတူကစားခွင့် ရခဲ့တာကိုလည်း ကျေနပ်မိတယ်လို့ နေမာက ဆက်ပြောပါတယ်။
အရာအားလုံးအတွက် ဘာစီလိုနာအသင်းကို ကျေးဇူးတင်ကြောင်းနဲ့ ပီအက်စ်ဂျီအသင်းအတွက်လည်း ဆုဖလားတွေရဖို့ အစွမ်းကုန် ကြိုးစားသွားမယ်လို့ နေမာက သူ့ရဲ့ အင်စတာဂရမ်အကောင့်ကနေ ပြောကြားခဲ့ပါတယ်။