Home
မြန်မာသတင်း
ရန်ကုန်၊ မန္တလေး သပိတ်မှောက်သံဃာများ သံဃာအများစုကို ကိုယ်စားမပြု
DVB
·
August 4, 2017
ရန်ကုန်၊ မန္တလေးမြို့တို့မှာ ပြုလုပ်နေတဲ့ သပိတ်မှောက်ပွဲမှာ ပါဝင်တဲ့ သံဃာတွေဟာ သံဃာအများစုဆန္ဒကို ကိုယ်စားမပြုကြောင်း သာသနာရေးနဲ့ ယဉ်ကျေးမှု ၀န်ကြီးဌာနက သြဂုတ် ၃ ရက်နေ့ညနေပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။ ဒီကနေ့ မနက်ပိုင်းအထိ ရန်ကုန်မြို့ ကြေးသွန်းဘုရားမှာတော့ အမျိုးသားရေးလှုပ်ရှားသူတွေလို့ နာမည်ခံထားတဲ့ လူနဲ့သံဃာတချို့ဟာ သူတို့ဖွင့်ထားတဲ့ သပိတ်စခန်းမှာ ဆက်ရှိနေတုန်း ဖြစ်ပါတယ်။ အမျိုးသားရေးလှုပ်ရှားသူတွေလို့ ခံယူထားတဲ့ သူတို့ဟာ လက်ရှိအစိုးရ နုတ်ထွက်ပေးရေးကို တောင်းဆိုနေတာ ဖြစ်ပါတယ်။ ကြေးသွန်းဘုရားမှာ ဖွင့်ထားတဲ့ သပိတ်စခန်းကို သြဂုတ် ၃ ရက်မနက်ပိုင်းက စပြီး ဒီနေ့ မနက်ပိုင်းအထိ ရဲတပ်ဖွဲ့ဝင် အနည်းငယ်ကပဲ စောင့်ကြည့်တာတွေ ရှိနေပါတယ်။ အမျိုးသားရေးအမည်ခံထားတဲ့ ရန်ကုန် ၊ မန္တလေးက သပိတ်စခန်းတွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ မြို့နယ်သံဃာအဖွဲအစည်းတွေက ထိန်းသိမ်းမှုတွေ လုပ်ဆောင်နေတယ်လို့ သာသနာရေနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024