Monday, May 29, 2023
HomeLead Storyဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ဝန်ကြီးအဖွဲ့ အပြောင်းအလဲ ပြုလုပ်

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ဝန်ကြီးအဖွဲ့ အပြောင်းအလဲ ပြုလုပ်

လူထုထောက်ခံမှု ကျဆင်းလာတဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ သြဂုတ် ၃ ရက်နေ့က ဝန်ကြီးအဖွဲ့ အပြောင်းအလဲ ပြုလုပ်ခဲ့ပါတယ်။

ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ တိုကျိုမြို့တော်ရွေးကောက်ပွဲမှာ အကြီးအကျယ် ရှုံးနိမ့်ခဲ့မှု၊ အစိုးရရဲ့ လုပ်ရပ်အမှားတွေကြောင့် အခက်တွေ့နေရမှု စတာတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ဂျပန်အစိုးရအဖွဲ့ ကက်ဘိနက်အတွင်းရေးမှူး ယိုရှီဟီဒယ်ဆူဂက ပြောကြားရာမှာ ဝန်ကြီးအဖွဲ့ နောက်ဆုံးအစည်းအဝေးမှာ ‘အနာဂတ်စိန်ခေါ်မှုအတွက် ကက်ဘိနက်’  လို့ နာမည်ပေးခဲ့ဖူးတဲ့ ဝန်ကြီးဟောင်းတွေကို ကျေးဇူးတင်တယ်လို့ ဂျပန်ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

အဲဒီနောက် ဝန်ကြီးချုပ်ရဲ့ ပြုပြင်ပြောင်းလဲရေး မူဝါဒတွေကို အသစ်စတင်နိုင်ဖို့ ဝန်ကြီးအဖွဲ့သစ်ကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကို ဂျပန်ပြည်သူတွေက စိတ်ကြီးဝင်နေတယ်လို့ ထင်နေကြပြီး လူထုထောက်ခံမှုလည်း ကျဆင်းနေပါတယ်။

လူထုသဘောထား စစ်တမ်းတွေအရ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကို ထောက်ခံမှုဟာ ဒီဇင်ဘာ ၂၀၁၂ နောက်ပိုင်း အဆိုဆုံးဖြစ်နေပါတယ်။

ရှင်ဇိုအာဘေးဟာ ဝန်ကြီးချုပ်တာဝန် စတင်ယူချိန်က ဂျပန်စီးပွားရေး တန့်နေတာကို ပြန်တက်အောင်လုပ်မယ်၊ ကာကွယ်ရေးကို မြှင့်တင်မယ်၊ ဂျပန်အခြေခံဥပဒေကို ပြင်ဆင်မယ်ဆိုတဲ့ ကတိတွေပေးခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular