Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
August 3, 2017
မတ်ပဲ ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ မတ်ပဲ တတန်ကို ခုနှစ်သိန်းငါးသောင်းခြောက်ထောင် ပေါက်ဈေးရှိနေပြီး တတန်ကို တသောင်းတထောင် ဈေးတက်လာပါတယ်။ ပဲစင်းငုံ ပဲစင်းငုံကတော့ ဒီနေ့မှာ တတန်ကို ငါးသိန်းကိုးသောင်းကိုးထောင် ပေါက်ဈေးရှိနေပြီး တတန်ကို ခြောက်ထောင် ဈေးတက်လာပါတယ်။ ထောပတ်ပဲ ထောပတ်ပဲကတော့ ဒီနေ့မှာ တပိဿာကို တထောင့်ကိုးရာတဆယ့်ငါးကျပ် ပေါက်ဈေးရှိနေပြီး  တပိဿာကို ရှစ်ဆယ့်ငါးကျပ် ဈေးကျဆင်းသွားပါတယ်။ ကြက်သွန်နီ ကြက်သွန်နီကတော့ ဒီနေ့မှာ တပိဿာကို နှစ်ဆယ့်ငါးကျပ် ဈေးတက်လာပြီး ဒီနေ့ပေါက်ဈေးက တပိဿာကို တထောင့်နှစ်ရာခုနှစ်ဆယ့်ငါးကျပ်ကနေ တထောင့်ခုနှစ်ရာနှစ်ဆယ့်ငါးကျပ် ပေါက်ဈေးရှိနေပါတယ်။ အာလူး အာလူးကတော့ ဒီနေ့မှာ တပိဿာကို ငွေကျပ်နှစ်ဆယ် ဈေးကျဆင်းသွားပြီး ဒီနေ့ပေါက်ဈေးက တရာ့သုံးဆယ်ကနေ ငါးရာ့သုံးဆယ် ပေါက်ဈေးရှိနေပါတယ်။ နှမ်းနက်(စမုံ) မန္တလေးကုန်စည်ဒိုင်မှာတော့ နှမ်းနက်(စမုံ)က တအိတ်ကို တသိန်းသုံးသောင်းလေးထောင် ပေါက်ဈေးရှိနေပြီး တအိတ်ကို ငွေကျပ်လေးထောင် ဈေးတက်လာပါတယ်။ ပန်းနှမ်း ပန်းနှမ်းကတော့ ဒီနေ့မှာ တအိတ်ကို ငွေကျပ်တထောင် ဈေးတက်လာပြီးတော့ ဒီနေ့ပေါက်ဈေးက တအိတ်ကို ခုနှစ်သောင်းတထောင် ပေါက်ဈေးရှိပါတယ်။ ဆန်ပြောင်း မြင်းခြံကုန်စည်ဒိုင်မှာတော့ ဆန်ပြောင်းက တပိဿာကို ငွေကျပ်သုံးဆယ် ဈေးတက်လာပြီးတော့ ဒီနေ့ပေါက်ဈေးက တပိဿာကို ခုနှစ်ရာ့ငါးဆယ် ရှိပါတယ်။ အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့ အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။ သတင်း- AMIA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024