A d v e r t i s e m e n t With Us

နာမည်ကြီးနေသည့် ဆိုင်ကယ်စတန့်စီးသူ အမျိုးသမီး ဆိုင်ကယ်မတော်တဆဖြစ်ပြီး သေဆုံး (ရုပ်သံ)

အင်စတာဂရမ်ပေါ်မှာ ရွှတ်နောက်နောက် ဆိုင်ကယ်စီး စတန့်ဟန်တွေနဲ့ ကျော်ကြားလာတဲ့ အမျိုးသမီးတဦးဟာ ယာဉ်တိုက်မှုအတွင်း သေဆုံးသွားတယ်လို့ သိရပါတယ်။ ရုရှားနိုင်ငံက အော်လဂါ ပရိုနီနာဆိုသူ အသက် ၄၀ အရွယ် အမျိုးသမီးက သူမရဲ့ အန္တရာယ်များလှတဲ့ ဆိုင်ကယ်စီးစတန့် ရုပ်ပုံတွေနဲ့ ဗွီဒီယိုရုပ်သံတွေကြောင့် လူမှုကွန်ရက်ပေါ်မှာ သူမကိုနှစ်သက်တဲ့ အဖွဲ့ဝင် ၁ သိန်း ၆ သောင်းကျော်ရှိနေတာပါ။ သူမဟာ အဝတ်အစား မလုံ့တလုံတွေဝတ်၊ ဘီအမ်ဒဗလျူဆိုင်ကယ်ကို အရှိန်အမြင့်ဆုံးနဲ့မောင်းတဲ့ ရုပ်သံတွေကိုလည်း လူမှုကွန်ရက်ပေါ်မှာ မကြာခန တင်တယ်လို့ ဆိုပါတယ်။ မကြာသေးခင်ကတင်ထားတဲ့ ရုပ်သံထဲမှာတော့ သူမက ဂါဝန်အတို ဝတ်ဆင်ထားပြီး ဆိုင်ကယ်ကိုမောင်းကာ ဆိုင်ကယ်ခုံပေါ်ကနေ ကြည့်ရှုသူတွေကို အနမ်းပေးနေတာ မြင်တွေ့ရပါတယ်။ အရှိန်မြှင့်မောင်းလာတဲ့ အော်လဂါရဲ့ဆိုင်ကယ်က လမ်းပေါ်ကနေ ထွက်သွားပြီး ခြံစည်းရိုးနံရံတခုကို ဝင်တိုက်မိကာ ၂ ပိုင်းပြတ်သွားပြီးနောက် သူမလည်း သေဆုံးသွားတယ်လို့ ရုရှားရဲတွေက ပြောပါတယ်။ မော်နီကာ ၉၄၂၂ လို့ အမည်ပြောင်ပေးထားတဲ့ အော်လဂါက ဆံပင်အလှပြင်သမားတဦးဖြစ်ပြီး ၁၆ နှစ်အရွယ် သမီးတဦးရှိကာ သူမက ဆိုင်ကယ်ပေါ်မှာ ရေကူးဝတ်စုံတွေ၊ အတွင်းခံဝတ်စုံတွေနဲ့ ပုံစံအမျိုးမျိုးပေးပြီး ဓာတ်ပုံရိုက်လေ့ ရှိပါတယ်။ အော်လဂါက “ကျမ ဒီဆိုင်ကယ်ကို ကြိုက်တယ်။ ကျမရဲ့မိုက်မဲမှုတွေကို ခွင့်လွှတ်ပေးတယ်။ ကျမရဲ့ ခန္ဓာကိုယ်နဲ့ ဦးနှောက်ကို လေ့ကျင့်ပေးတယ်၊ ကျမဘဝရဲ့ ဒုက္ခတွေကို မေ့ပျောက်အောင် လုပ်ပေးတယ်၊ ကျမရဲ့ တကိုယ်တော်ညတွေကို ပိုကောင်းအောင် လုပ်ပေးဖို့ ဘယ်တော့မှ မပျက်ကွက်လို့ ကျေးဇူးတင်တယ်” လို့ သူမ ဆိုင်ကယ်ကို နှစ်သက်တဲ့အကြောင်း လူမှုကွန်ရက်ပေါ်မှာ ရေးထားတာပါ။ “ဆိုင်ကယ်တွေကို နှစ်သက်သူတွေရဲ့ like ထောင်သောင်းပေါင်းများစွာရလို့ ကျမတယောက်တည်း မဟုတ်ဘူးလို့ ခံစားရတယ်။ လွတ်လပ်မှုတွေ လက်ဆောင်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်” လို့ သူမက ရေးထားပါသေးတယ်။ ယာဉ်တိုက်မှုဖြစ်ချိန်မှာ ရုပ်သံရိုက်ကူးနေတာလား ဆိုတာတော့ မသိရဘူးလို့ ဆိုပါတယ်။ သူမရဲ့ ပရိသတ်တွေက သူမ သေဆုံးမှုအတွက် ဝမ်းနည်းကြောင်း ဖော်ပြရေးသားပြီး လူမှုကွန်ရက်သုံးစွဲသူ သူမပရိသတ်တဦးက “ဒီမိန်းမလှလေးအတွက် တကယ်ပဲ စိတ်မကောင်းပါဘူး” လို့ ရေးသားထားတယ်လို့ သြဂုတ် ၂ ရက်က မေရာသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up