ဖျာပုံပြည်သူ့ဆေးရုံအုပ်ကြီး A(H1N1) ရောဂါ ကူးစက်ခံရ
DVB
·
August 3, 2017
ဖျာပုံပြည်သူ့ဆေးရုံအုပ်ကြီး ဒေါ်စိန်စိန်ဟာ ရာသီတုပ်ကွေး A(H1N1) ရောဂါ ကူးစက်ခံနေရကြောင်း ဖျာပုံမြို့ ပြည်သူ့ကျန်းမာရေးဌနာက ဒေါက်တာ သိန်းထွန်းဝင်းက အတည်ပြုပြောကြားပါတယ်။
အခုလိုရောဂါကူးစက်ခံရတာဟာ A(H1N1) လူနာတွေကို ထိတွေ့မှုကြောင့် ကူးစက်ခံရတာမျိုးမဟုတ်ဘဲ ပင်ပန်းပြီး ခန္ဓာကိုယ်အားနည်းတဲ့အတွက် ရောဂါပိုးဝင်ရောက်တာလို့ ဒေါက်တာ သိန်းထွန်းဝင်းက ဒီဗွီဘီကို ပြောပါတယ်။
သူ့ကို ရန်ကုန်မြို့ ဝေဘာဂီ ကူးစက်ဆေးရုံကြီးကို ပို့ဆောင်ထားပြီး စိုးရိမ်စရာ အခြေအနေတော့ မရှိဘူးလို့ သိရပါတယ်။