ဝက်ဝံကြီးကို အစာပြပြီး သွားစသည့် အမျိုးသား ကြောက်မက်ဖွယ်တိုက်ခိုက်ခံရ (ရုပ်သံ)

အမျိုးသားတဦးက ဝက်ဝံကြီးရဲ့ပါးစပ်နား အစာပြပြီး ကျွေးမလိုလို သွားစမိလို့ ဝက်ဝံကြီးရဲ့ အပြင်းအထန် တိုက်ခိုက်မှုကို ခံလိုက်ရပြီး ကံကောင်းစွာ အသက်ဘေးက လွတ်မြောက်သွားတယ်လို့ မေရာသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ နိုင်ဖမ်မ်ဆိုသူ အသက် ၃၆ နှစ်အရွယ် အမျိုးသားတဦးဟာ ထိုင်းနိုင်ငံ ဖက်ခ်ျဘန်ခရိုင် ကျေးလက်ဒေသက ဘုရားကျောင်းဝန်းထဲကို သြဂုတ် ၂ ရက်နေ့ မနက်က သူငယ်ချင်း လေးဦးနဲ့ သွားလည်ခဲ့ပါတယ်။ နိုင်ဖမ်မ်က တိရစ္ဆာန်တွေကို အစာလှူဒါန်း ကျွေးမွေးမယ်ဆိုပြီး ဝက်ဝံကြီးရဲ့ လှောင်အိမ်ကို ကာထားတဲ့ နံရံတွေပေါ်ကနေ ပိုနီးအောင် ကြိုးနဲ့ချည်ထားတဲ့ ထမင်းဇလုံတွေကို တွဲလောင်းချ စနောက်ပြီး ဝက်ဝံကို အစာကျွေးဖို့ လုပ်နေတုန်း ဝက်ဝံကြီးက သူ့လှောင်အိမ်ထဲ နိုင်ဖမ်မ်ကို ရုတ်တရက် ဆွဲချခဲ့တာပါ။ စိတ်တိုနေတဲ့ ဝက်ဝံကြီးက သူ့ခြေထောက်တွေ ရပ်လိုက်ပြီး နိုင်ဖမ်မ်ကို လှမ်းဆွဲ လှောင်အိမ်ထဲ တရွတ်ဆွဲသွားပြီး သတိမေ့တဲ့အထိ တိုက်ခိုက်လိုက်တာပါ။ ရုပ်သံထဲမှာ ဝက်ဝံကြီးရဲ့ တိုက်ခိုက်နေပုံနဲ့ နိုင်ဖမ်မ်သူငယ်ချင်းတွေရဲ့ အော်ဟစ်သံ၊ ဝက်ဝံကို တုတ်ချောင်းတခုနဲ့ ထိုးနေတာတွေကို မြင်ရပါတယ်။ ဝက်ဝံကြီးက နိုင်ဖမ်မ်ကို စားတော့မယ်ပုံ ပြင်နေလို့ နိုင်ဖမ်မ်သူငယ်ချင်းတွေက ရေတွေနဲ့ လှမ်းပက်ပြီး တခြားလူတအုပ်ကလည်း လှောင်အိမ်ထဲဝင် ဝက်ဝံကြီးကို ရိုက်နှက်ကာ နောက်ဆုံး သူငယ်ချင်းတွေက နိုင်ဖမ်မ်ကို ကယ်တင်လိုက်ရပါတယ်။ အရေးပေါ်ကယ်ဆယ်ရေးတွေ မနက် ၁၁ နာရီလောက်မှာ ရောက်လာပြီး နိုင်ဖမ်မ်ကို ဆေးရုံပို့လိုက်ရပါတယ်။ ကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက “မနက် ၁၁ နာရီ ၁၀ မိနစ်လောက်မှာ လူတယောက် ဝက်ဝံကိုက်ခံရတယ်ဆိုတဲ့ သတင်းရတယ်။ သူ အသက်ရှင်သွားတာ တော်တော် ကံကောင်းပါတယ်၊ ခု ဆေးရုံပေါ်မှာ စကားပြောနိုင်ပြီ” လို့ ပြောပါတယ်။ ဘုရားကျောင်းဝန်းထဲမှာ ဘုန်းကြီးတွေက တောဝက်အထီး ၂ ဒါဇင်လောက်ကို လှောင်အိမ်အသေးတွေ၊ ဝက်ဝံကြီးတကောင်ကို လှောင်အိမ်ကြီးတခုနဲ့ လာလည်တဲ့ ဧည့်သည်တွေ အစာကျွေးမွေးလို့ရအောင် မွေးထားတာလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up