Home
မြန်မာသတင်း
အမြန်လမ်းတွင် ယာဉ်မတော်ဆမှုများမှုကြောင့် မောင်းနှုန်း ကီလို လျှော့ချသတ်မှတ်
DVB
·
August 2, 2017
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ သီးကုန်းအမြန်လမ်းရဲစခန်းမှ သြဂုတ်လ ၁ ရက် မနက် ၈ နာရီ အမြန်လမ်းမကြီးမှာ ယာဉ်မတော်တဆ ဖြစ်မှုတွေများလို့ အမြန်မောင်းနှုန်းကီလို ပြင်ဆင်လျော့ချ သတ်မှတ်လိုက်ကြောင်း ကားမောင်းသူများကို အသိပေးပြောပြတယ်လို့ သီးကုန်းအမြန်လမ်း ရဲစခန်းက ပြောပါတယ်။ အမြန်နှုန်းလျှော့ချမောင်းဖို့ အသိပေးရှင်းပြခြင်း၊ လက်ကမ်းစာစောင်တွေဖြန့်ဝေခြင်း၊ သတိပေး စတေကာတွေ ကပ်ပေးခြင်း၊ သိရှိလိုက်နာဖို့ ခံဝန်ကတိ လက်မှတ်ရေးထိုးစေခြင်းတွေ စည်းရုံးလုပ်ဆောင် ခဲ့တယ်လို့ ထပ်ပြောပြပါတယ်။ စခန်မှူးရဲအုပ်သန်းထွန်းက “အရင်ကတော့ ခရီးသည်တင်ကားနဲ့ အိမ်စီးကားတွေ ကီလို ၁၀၀ သတ်မှတ်တယ်။ အခု ကီလို ၉၀ သတ်မှတ်တယ်။ ထရပ်ကားတွေကို ကီလို ၈၀၊ အခုတော့ ကီလို ၆၀ သတ်မှတ်တယ်။ ယာဉ်မတော်တဆဖြစ်မှု မဖြစ်တော့အောင် ထိန်းသိမ်းလို့ရတဲ့ အမြန်နှုန်းနဲ့သာ မောင်းစေချင် ပါတယ်။  သြဂုတ်လတစ်လ ပညာပေးပြီးရင် စက်တင်ဘာလ ၁ ရက်နေ့ကစပြီး အရေးယူပါမယ်။ ဂျာမဏီကလာတဲ့ အမြန်နှုန်းတိုင်းစက်ဖွင့်ပြီး သတ်မှတ်ကီလိုထက်ပိုမောင်းတဲ့ကားကို မော်တော်ယာဉ်ဥပဒေနဲ့ အရေးယူမှာပါ” လို့ ပြောပါတယ်။ ခရီးသွားကိုစိုးညွန့်က “ပြည်သူတွေ အန္တရာယ်ကင်းအောင် အမြန်နှုန်းကီလိုလျော့ချ သတ်မှတ်တယ်။ ကားမောင်းသူတွေက လိုက်ပြီး ဆင်ဆင်ခြင်ခြင် မောင်းရင် မတော်တဆမှု  ပပျောက်သွားမှာပါ” လို့ ပြောပါတယ်။ သီးကုန်းအမြန်လမ်းရဲစခန်းက ၂၀၁၆ ခုနှစ်မှာ ယာဉ်မတော်တဆမှု ၆၁ မှု ရှိခဲ့ပြီး ၂၀၁၇ ဇူလိုင်လကုန်အထိ ၂၅ မှု ရှိနေပါတယ်။ ပညာပေးကာလပြီးရင် ၂၀၁၅ မော်တော်ယာဉ်ဥပဒေ ပုဒ်မ ၅၈(က)နဲ့  အမှုဖွင့် အရေးယူမယ်လို့ သိရပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024