Sunday, June 11, 2023
HomeLead Storyတိုက်စစ်မှူး ဆန်းချက်ဇ် အာဆင်နယ်အသင်းနှင့် လေ့ကျင့်မှုပြုလုပ်

တိုက်စစ်မှူး ဆန်းချက်ဇ် အာဆင်နယ်အသင်းနှင့် လေ့ကျင့်မှုပြုလုပ်

အာဆင်နယ် တောင်ပံတိုက်စစ်မှူး အလက်ဆစ်ဆန်းချက်ဇ်ဟာ အသင်းဆီ ပြန်ရောက်လာပြီး လေ့ကျင့်မှုတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။

ဆန်းချက်ဇ်အနေနဲ့ ချီလီအသင်းနဲ့အတူ ကွန်ဖက်ဒရေးရှင်းဖလား ကစားခဲ့ရလို့ နားရက်ပေးထားတာဖြစ်ပြီး အဖျားရောဂါကြောင့် ၂ ရက် နောက်ကျပြီးမှ အာဆင်နယ်အသင်းဆီ ပြန်လည်ရောက်ရှိလာတာပါ။

ဆန်းချက်ဇ်ဟာ သြဂုတ် ၁ ရက်နေ့က အသင်းကို ပြန်လည်ရောက်ရှိလာပြီး ကြံ့ခိုင်ရေးနည်းပြနဲ့အတူ နှစ်ဦးတည်း လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တာပါ။

ဆန်းချက်ဇ်အနေနဲ့ အာဆင်နယ်အသင်းဆီ ပြန်လည်ရောက်ရှိလာပေမယ့် သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ပီအက်စ်ဂျီနဲ့ မန်စီးတီးအသင်းတို့ရဲ့ ကမ်းလှမ်းမှုကို စောင့်မျှော်နေပြီး အသင်းကနေ ထွက်ခွာလိုတဲ့ဆန္ဒ ရှိနေတယ်လို့ ဒေးလီးမေးလ်သတင်းမှာ ဖော်ပြပါတယ်။

အသက် ၂၈ နှစ်ရှိ ဆန်းချက်ဇ်ဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း တနှစ်ပဲ ကျန်တော့တာကြောင့် အသင်းဘက်က သက်တမ်းတိုးဖို့ ကမ်းလှမ်းထားတာပါ။

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးကတော့ ဆန်းချက်ဇ်ကို ရောင်းချသွားမှာ မဟုတ်ဘူးလို့ တရားဝင် ပြောကြားထားပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular