တိုက်စစ်မှူး အီဘရာဟီမိုဗစ်ကို အေစီမီလန် ခေါ်ယူရန် စီစဉ်

ဓာတ်ပုံ - ရိုက်တာ
အီတလီကလပ် အေစီမီလန်အသင်းဟာ အသင်းလက်မဲ့ဖြစ်နေတဲ့ တိုက်စစ်မှူး အီဘရာဟီမိုဗစ်ကို ခေါ်ယူဖို့ စီစဉ်နေပါတယ်။ ပြီးခဲ့တဲ့ရာသီက မန်ယူအသင်းမှာ ခြေစွမ်းပြခဲ့တဲ့ မိုဗစ်ဟာ လက်ရှိအချိန်မှာ ဒူးဒဏ်ရာကြောင့် အနားယူနေရပြီး မန်ယူအသင်းနဲ့လည်း စာချုပ်သက်တမ်း ကုန်ဆုံးခဲ့လို့ အသင်းလက်မဲ့ ဖြစ်နေတာပါ။ အသက် ၃၅ နှစ်ရှိ အီဘရာဟီမိုဗစ်ဟာ အေစီမီလန် ကစားသမားဟောင်းတဦးလည်းဖြစ်ပြီး ၂၀၁၀ ကနေ ၂၀၁၂ ခုနှစ်အထိ နှစ်ရာသီကြာ ကစားခဲ့ဖူးပါတယ်။ မန်ယူအသင်းကလည်း မိုဗစ်ကိုပြန်ခေါ်ဖို့ ဆန္ဒရှိပေမယ့် သူ့ရဲ့ ဒူးဒဏ်ရာအခြေအနေကို စောင့်ကြည့်နေပြီး ကြံ့ခိုင်းမှုကောင်းမှ ခေါ်ယူဖို့ ပြင်ဆင်ထားတာပါ။ အီဘရာဟီမိုဗစ်ဟာ ပြီးခဲ့တဲ့ရာသီက မန်ယူအသင်းမှာ ပြိုင်ပွဲစုံ ၄၆ ပွဲအထိကစားခဲ့ပြီး ၂၈ ဂိုး သွင်းယူခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up