Home
မြန်မာသတင်း
ရှေ့နေစာမေးပွဲများ ကျင်းပပေးရန်မလိုအပ်ဟု ပြည်ထောင်စုတရားလွှတ်တော်ချုပ်ပြော
DVB
·
July 31, 2017
  ရှေ့နေ စာမေးပွဲတွေ ကျင်းပပေးဖို့ မလိုဘဲ အထက်တန်းရှေ့နေအဖြစ် ၃ နှစ်ကြာ လိုက်ပါဆောင်ရွက်ပြီးပါက  တရားလွှတ်တော်ရှေ့နေအဖြစ် လျှောက်ထားနိုင်တယ်လို့   ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြင့်အောင်က ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ပြောပါတယ်။ ပုဇွန်တောင်အမတ်  ဦးမြင့်လွင်က အထက် တန်းရှေ့နေ၊ တရားလွှတ်တော်ရှေ့နေ စာမေးပွဲတွေ ကျင်းပပေးဖို့ အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့ရာမှာ အထက်တန်းရှေ့နေ၊ တရားလွှတ်တော်ရှေ့နေစာမေးပွဲတွေကို ကျင်းပပေးဖို့ လိုအပ်မှာ မဟုတ်ဘူးလို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဖြေကြားသွားပါတယ်။ ဥပဒေဘွဲ့ရတစ်ဦးဟာ ၁၉၅၅ ခုနှစ်၊ ရှေ့နေအဖြစ် ဝင်ခွင့်နည်းဥပဒေနဲ့အညီ တရား လွှတ်တော်ရှေ့နေအဖြစ် တစ်နှစ်သင်ကြားပြီးနောက် အထက်တန်း ရှေ့နေအဖြစ် စာရင်း တင်သွင်းလျှောက်ထားနိုင်တယ်၊  အထက် တန်းရှေ့နေအဖြစ် ၃ နှစ် လိုက်ပါ ဆောင်ရွက်ပြီးပါက ၁၉၅၄ခုနှစ်၊  တရားလွှတ်တော်ရှေ့နေများအဖြစ် ဝင်ခွင့်နည်းဥပဒေများနဲ့ အညီတရားလွှတ်တော် ရှေ့နေအဖြစ် လျှောက်ထားနိုင်တယ်လို့လည်း ဆိုပါတယ်။ လက်ရှိ တက္ကသိုလ်အသီးသီးမှာ ဥပဒေပညာဘာသာရပ်ကို သင်ကြားပေးနေပြီဖြစ်သလို ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ဥပဒေပညာဌာနမှ Online ကနေ ဖွင့်လှစ်သင်ကြားတဲ့  ဘွဲ့လွန်ဥပဒေပညာဒီပလိုမာ သင်တန်း (Post Graduate Diploma in Law) အောင်လက်မှတ် တင်ပြပြီး  အထက်တန်းရှေ့နေ၊ တရားလွှတ်တော်ရှေ့နေအဖြစ်  ဝင်ခွင့်လျှောက်ထားနိုင်တယ်လို့ လည်းသိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024