ထိုင်ဝမ်ကျွန်း တောင်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေကို ဟိုင်တန်းအမည်ရှိ ဒုတိယမြောက် တိုင်ဖွန်းမုန်တိုင်း ဒီကနေ့ ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။
တိုင်ဖွန်း ဟိုင်တန်းဟာ ဇူလိုင် ၃၀ ရက်နေ့က ကျွန်းရဲ့ တောင်ပိုင်းနဲ့ အရှေ့တောင်ပိုင်း ကုန်းတွင်းဘက်ကို ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။
မုန်တိုင်းကြောင့် မိုးသည်းထန်တာ၊ ရေကြီးတာနဲ့ မြေပြိုတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ဇူလိုင် ၂၉ ရက်က ဝင်ရောက်ခဲ့တဲ့ နက်ဆက်တိုင်ဖုန်းကြောင့်လည်း ထိုင်ဝမ်မှာ လူ ၁၀၀ ကျော် ဒဏ်ရာရခဲ့ပြီး ဈေးဆိုင်တွေ ပိတ်ခဲ့ရပါသေးတယ်။
ထိုင်ဝမ်ကျွန်းမှာ အခုလို မုန်တိုင်းနှစ်ခု တပြိုင်နက် ဝင်ရောက်မယ်လို့ သတိပေးချက် ထုတ်ပြန်တာဟာ အနှစ် ၅၀ အတွင်း ပထမဆုံးဖြစ်တယ်လို့ ထိုင်ဝမ်မိုးလေဝသဗျူရိုက ပြောကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။