ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာများသာ ရောင်းချစေမည်ဟု ရန်ကုန်ဝန်ကြီးချုပ်ပြော
DVB
·
July 31, 2017
လာမယ့် ၂၀၁၈ ခုနှစ်မှာ ရန်ကုန်မြိုတော်အတွင်း ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအသောက်တွေကိုသာ ရောင်းချဖို့ စီစဉ်သွားမယ်လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
ဇူလိုင် ၃၁ ရက်က ပြုလုပ်တဲ့ ဆေးဝါးအတု၊ စံမမီ၊ ပျက်စီး၊ ရောနော၊ တရားမဝင်ဆေးဝါး အန္တရာယ်ကာကွယ်ရေးနဲ့ တိုက်ဖျက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှာ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။
ဆေးဝါးထုတ်လုပ်ဖြန့်ချိတဲ့ နေရာကနေ ရောင်းချတဲ့ ဆေးဆိုင်အထိ ချိတ်ဆက်ထားတဲ့ စနစ်တစ်ခုကိုလည်း ထူထောင်သွားဖို့ရှိသလို တရားမဝင်ရောင်းချနေတဲ့ ဆေးဆိုင်တွေကို အပြစ်ပေးအရေးယူတာတွေ ၂၀၁၈ နှစ်ဆန်းမှာ စတင် ထိထိရောက်ရောက် အရေးယူသွားမယ်လို့လည်း ပြောပါတယ်။
ဒီကနေ့ အလုပ်ရုံဆွေးနွေးပွဲမှာ ဆေးနှင့်ဆေးပစ္စည်းတွေ တင်သွင်းရောင်းချသူများအသင်း၊ ရဲတပ်ဖွဲနဲ့ ကျန်းမာရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမှု ဦးစီးဌာနက တာဝန်ရှိသူတွေ ဆွေးနွေးနေကြတာဖြစ်ပါတယ်။