ဘရာဇီး အိုလံပစ်အားကစားကွင်းမှာ ဇူလိုင် ၃၀ ရက်က မီးလောင်ခဲ့ရာ မီးသတ်သမားတွေ အချိန်အတော်ကြာ ငြှိမ်းသတ်ခဲ့ရတယ်လို့ ဘရာဇီး အားကာစားဝန်ကြီးဌာနက ပြောပါတယ်။
ဘရာဇီးနိုင်ငံရဲ့ ဒုတိယမြို့တော် ရီယိုမှာရှိတဲ့ ၂၀၁၆ အိုလံပစ်ပွဲတော်ကျင်းပခဲ့တဲ့ အားကစားကွင်းမှာ မီးလောင်ခဲ့တာဖြစ်ပြီး မီးထွန်းထားတဲ့ လေပူပေါင်းတခုဟာ အာကစားကွင်းထဲ ပြုတ်ကျခဲ့ပြီး မီးစတင်လောင်ကျွမ်းခဲ့တာပါ။
အခုမီးလောင်ခဲ့တဲ့ အားကစားကွင်းဟာ ဆိုက်ဘေးရီးယားဒေသမှာပဲ ပေါက်ရောက်တဲ့ ထင်းရှူးသားတွေ အသုံးပြု တည်ဆောက်ထားတာ ဖြစ်ပါတယ်။
ဘရာဇီးနိုင်ငံမှာ အခုလို ပူပြင်းတဲ့ ဇွန်၊ ဇူလိုင်လတွေမျာ မိုးပျံပူပေါင်းလွှတ်တင်တဲ့ အလေ့အထရှိပြီး အစိုးရက ဒီအလေ့အထကို ရာဇဝတ်မှုဖြစ်အောင် ဖန်တီးလှုံ့ဆော်လေ့ရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။