ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ အလွတ်သဘော ဆွေးနွေးပွဲ ပြုလုပ်
DVB
·
July 30, 2017
ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ အလွတ်သဘောဆွေးနွေးပွဲ (Stakeholder Meeting) ကို ဇူလိုင် ၂၉ ရက်နေ့က ရန်ကုန်မြို့မှာရှိတဲ့ အမျိုးပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနမှာ ပြုလုပ်ခဲ့ပါတယ်။
အဲ့ဒီဆွေးနွေးပွဲကို ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေတို့ တက်ရောက်ကြပြီး နယ်ပယ်အသီးသီးက ပညာရှင်တွေဆီကနေ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် အမြင်နဲ့ အကြံဉာဏ်တွေ တောင်းခံခဲ့ပါတယ်။
အဲ့ဒီဆွေးနွေးပွဲကို လက်ရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဆောင်ရွက်နေတာတွေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆောင်ရွက်နေတဲ့အကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သတင်းစကားပါး လိုက်တယ်လို့ ဆိုပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အားလုံးပါဝင်လာရေးကို အဓိကထားဆောင်ရွက်ကြဖို့ တက်ရောက်လာသူတွေက တိုက်တွန်းအကြံပြုခဲ့ကြတယ်လို့ အစည်းအဝေး တက်ရောက်ခဲ့တဲ့ နို်င်ငံရေးဆောင်းပါရှင် ဦးသန်းစိုးနိုင်က ပြောပါတယ်။