H1N1 ရောဂါကြောင့် သေဆုံးသူ ၇ ဦး ရှိပြီ

730
တနိုင်ငံလုံးအတိုင်းအတာအရ A (H1N1) ရောဂါဖြစ်ပွားတဲ့ လူနာစုစုပေါင်း ၄၁ ယောက်ရှိခဲ့ပြီး သေဆုံးသူ ဒီနေ့အထိ ၇ ယောက် ရှိသွားပြီဖြစ်ပါတယ်။
လတ်တလော ဖြစ်ပွားနေတဲ့ ရာသီတုပ်ကွေးနဲ့ ပက်သက်ပြီး သံသယလူနာ ၁၇ ယောက်ကို ထပ်မံ ဓာတ်ခွဲ စမ်းသပ်စစ်ဆေးရာမှာ အတည်ပြုလူနာ ၆ ယောက် ထပ်မံတွေ့ရှိခဲ့တယ်လို့ ကျန်မာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင် ၂၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
တနိုင်ငံလုံး အတိုင်းအတာနဲ့ ရရှိတဲ့ ရောဂါဖြစ်ပွားမှု အချက်အလက်တွေအရ သံသယရာသီတုပ်ကွေးရောဂါနဲ့ ဆေးရုံတက်ရောက်ကုသသူ ၁၃၈ ယောက်ရှိခဲ့ပြီး အဲဒီအထဲကနေ Seasonal Influenza A(H1N1) လူနာစုစုပေါင်း ၄၁ ယောက်နဲ့၊ သေဆုံးသူ ၇ ယောက်အထိ ရှိသွားပြီ ဖြစ်ပါတယ်။
ဒါကြောင့် လူနာတွေရဲ့ သေဆုံးမှုနှုန်းဟာ (၅.၀၇) ရာခိုင်နှုန်းရှိကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြင်းထန်အသက်ရှူ လမ်းကြောင်းပိုးဝင်ရောဂါ လူနာတွေကို ရောဂါပျံ့နှံ့မှု လျင်မြန်စွာ ထိန်းချုပ်နိုင်ဖို့ မြောက်ဥက္ကလာပမြို့နယ်ရှိ အထူးကုဆေးရုံ (ဝေဘာဂီ) ကို ဦးစားပေးပို့ဆောင် ကုသသွားမယ်လို့လည်း ဆိုထားပါတယ်။
ဇူလိုင် ၂၈ ရက်နေ့အထိ သေဆုံးသူ ၆ ယောက်ရှိရာကနေ ဇူလိုင် ၂၉ ရက်နေ့မှာ သေဆုံးသူ ၇ ယောက်အထိ ရှိလာတာ ဖြစ်ပါတယ်။
ဒါကြောင့် ရောဂါကြိုတင်ကာကွယ်ရေး နှိုးဆော်ချက်တွေကို လိုက်နာဆောင်ရွက်ကြဖို့နဲ့ ပြင်းထန် ရာသီတုပ်ကွေးရောဂါ လက္ခဏာ ဖြစ်ပွားတယ်လို့ ထင်မှတ်ပါက နီးစပ်ရာ ကျန်းမာရေး ဌာနတွေမှာ ဆေးကုသမှုခံယူဖို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။