Home
မြန်မာသတင်း
တရုတ်တွင် ရာသီဥတုဆိုးရွားမှုကြောင့် သစ်ပင်များပြိုလဲပြီး လျှပ်စစ်မီးပြတ်တောက်
DVB
·
July 29, 2017
တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက မြို့အတော်များများမှာ ဇူလိုင် ၂၈ ရက်နေ့က ရာသီဥတု ဆိုးရွားခဲ့လို့ သစ်ပင်တွေ ပြိုလဲပြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှု ပြတ်တောက်ခဲ့ပါတယ်။ နန်ချောင်မြို့ဝန်းကျင် ဒေသတွေမှာ မိုးသီးမုန်တိုင်းနဲ့ လေပြင်းတွေ တိုက်ခတ်ခဲ့လို့ တချို့ဒေသတွေမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့တာကြောင့် ဒေသခံအစိုးရက လျှပ်စစ်ပညာရှင်တွေကို တတ်နိုင်သမျှ အမြန် စေလွှတ်ခဲ့ရပါတယ်။ လေပြင်းနဲ့ မိုးကြိုးမုန်တိုင်းအတွက် အဝါရောင်အဆင့် တပ်လှန့်သတိပေးချက်ကို မိုးလေဝသဌာနက ထုတ်ပြန်ထားခဲ့ပါတယ်။ စွေးနင်မြို့က မိုးလေဝသ ဌာနကတော့ လိမ်မော်ရောင်အဆင့် မိုးသီးမုန်တိုင်း သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ မြို့တွင်းမှာ ၁ နာရီ ၈၂ ကီလိုမီတာနှုန်းထိ လေပြင်းတွေ တိုက်ခဲ့ပြီး မိုးနဲ့ မိုးသီးတွေပါ ရွာကျခဲ့ပါတယ်။ အန္တရာယ်ရှိတဲ့ အပင်တွေနဲ့ ကျိုးကျနေတဲ့ သစ်ကိုင်းတွေကို ဒေသခံ အစိုးရတာဝန်ရှိသူတွေက ရှင်းလင်းခဲ့ရပါတယ်။ စွေနင်းမြို့မှာ အပူချိန် မြင့်မားနေလို့ အနီရောင်နဲ့ အဝါရောင်အဆင့် တပ်လှန့် သတိပေးချက်တွေကို မြို့နယ်မိုးလေဝသဌာနက ထုတ်ပြန်ခဲ့ရပါတယ်။ မေရှန်းမြို့မှာ ဇူလိုင် ၂၇ ကနေ ၂၈ ရက်နေ့ထိ မိုးကြိုးမုန်တိုင်းတွေ တိုက်ခတ်လို့ မိုးရေချိန် ၁၀၄.၁ မီလီမီတာထိ ရွာချခဲ့ပါတယ်။ ဒါကြောင့် သစ်ပင် ၃၀၀ ကျော်ပြိုလဲပြီး လျှပ်စစ်ဓာတ်အားလိုင်း ၁၀၀ ကျော် ပြတ်ကျခဲ့ပါတယ်။ သေဆုံး ဒဏ်ရာရမှု အခြေနေကိုတော့ မသိရသေးပါဘူး။ တရုတ်နိုင်ငံမှာ မိုးလေဝသ သတိပေးစနစ်အရ အရောင်လေးရောင် သတ်မှတ်ထားတာပါ။ အနီရောင်က ဆိုးရွား ပြင်းထန်ဆုံး အဆင့်ဖြစ်ပြီး အဲဒီအောက်ကမှ လိမ်မော်၊ အဝါနဲ့ အပြာရောင်တွေ အစဉ်လိုက် သတ်မှတ်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024