မောင်တော မြန်မာ့ရေပိုက်နက်တွင် ဘင်္ဂလားဒေ့ရှ် ၂ ဦးကို စိတ်ကြွဆေးများဖြင့် ဖမ်းမိ
DVB
·
July 29, 2017
မောင်တောမြို့နယ် မြန်မာ့ရေပိုင်နက်ထဲမှာ တပ်မတော် (ရေ)က မင်္သကာဖွယ် စက်လှေတစီးအား ရှားဖွေရာကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂ ဦး စိတ်ကြွဆေးပြားတွေနဲ့ ဖမ်းဆီးမိခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ မြန်မာ့ရေပိုင်နက်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မတော် (ရေ) မှ တပ်ဖွဲ့ဝင်တွေဟာ ဒီနေ့မနက် ၁ နာရီ ၅၅ မိနစ်က စပါယ်ပင်ရင်းချောင်းဝမှာ မသင်္ကာဖွယ်လှေတစ်စီးအား တွေ့ရှိလို့ မီးအချက်ပြခေါ်ယူရာ လာရောက်ခြင်းမရှိဘဲ ချောင်းဝဘက်သို့ လှော်ခတ်ထွက်ပြေးသွားတယ်လို့
လှော်ခတ်ထွက်ပြေးတဲ့လှေကို လက်နက်ငယ်နဲ့ ခြောက်လှန့်ပစ်ခတ် လိုက်လံဖမ်းဆီးခဲ့ရာ မောင်တောမြို့ရဲ့ မြောက်ဘက် မီတာ ၁၂၀၀၀ ခန့်အကွာ၌ ဖမ်းဆီးရမိခဲ့ပြီး လှေပေါ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဂျာနယ်အာလောင် (ဘ) ဒူဒူမီယာ၊ ရှော်ဖီး(ဘ)မိုဟာမတ်ဇော်ကိရ်တို့ကို ငွေကျပ်ခန့်မှန်းတန်ဖိုး ၃၉၇ သိန်း တန်ဖိုးရှိ R/WY တံဆိပ်ပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၈၅၀ ပြားနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိသူတွေအား တရားဥပဒေအရ အမှုဖွင့်အရေးယူဆောင်ရွက်နိုင်ဖို့ မောင်တောမြို့ရှိ အမှတ် ၄၆ မူးယစ်တပ်ဖွဲ့စုကို လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။