အမျိုးသမီးတဦး မြစ်ထဲခုန်ချခဲ့သော်လည်း အသက်မသေဘဲ လွတ်မြောက်လာ

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း ရေး-ထားဝယ်သွားကားလမ်းရှိ ရေး တံတားကြီးပေါ်မှာ ဇူလိုင် ၂၈ ရက် ညနေ ၆ နာရီကျော်လောက်က အမျိုးသမီးတဦး ရေး မြစ်ချောင်းထဲကို ခုန်ချခဲ့ပေမယ့် အသက်မသေဘဲ ပြန်လည်လွတ်မြောက်သွားခဲ့တယ်လို့ ရေးမြို့မရဲစခန်းက စခန်းမှူး ဒုရဲမှူးစိုးမွန်က ပြောပါတယ်။ “ရေထဲခုန်ချမိသူ မဒေဝီချမ်း အသက် ၂၄ နှစ်က အစ်ကိုဖြစ်သူ နိုင်ဗညားရောနဲ့အတူ ဆိုင် ကယ်စီးပြီးပြန်လာရာနေ မဒေဝီချမ်း က အန်ချင်တယ်ဆိုပြီး မသိစိတ်က ရေးမြစ်ထဲကို တံတားပေါ်ကနေတဆင့် ခုန်ချမိခဲ့တာ။ ရေထဲ မျှောပါသွားပြီး ခြံတခြံကိုရာက်ရှိလို့ တက္ကစီဆိုင်ကယ်နဲ့အတူ အသိမိတ်ဆွေ နေအိမ်ဖြစ်တဲ့ ဦးအောင်ပန်းအိမ်ကို ည ၇ နာရီကျော်လောက်က ပြန်လည်ရောက်ရှိလာပါတယ်” လို့ စခန်းမှူး ဒုရဲမှူးစိုးမွန်က ပြောပါတယ်။ ရေးမြစ်ချောင်းထဲ ခုန်ချခဲ့တဲ့ မဒေ၀ီချမ်းကို သက်ဆိုင်ရာတာဝန်ရှိသူတွေက လိုက်လံရှာဖွေခဲ့တာပါ။ နေမျိုးထွဋ် (ရေး)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up