Home
မြန်မာသတင်း
အမျိုးသမီးတဦးထံမှ ကျပ်သိန်းပေါင်း ၃၉၀၀ ခန့် တန်ဖိုးရှိ စိတ်ကြွဆေးများ ဖမ်းမိ
DVB
·
July 29, 2017
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် တောင်ကြီး-သာစည်လမ်း ကျွဲတပ်ဆုံတိုးဂိတ်မှာ ဇူလိုင် ၂၈ ရက် မနက် ၂ နာရီလောက်က တောင်ကြီးဘက်ကလာတဲ့ ကားပေါ် လိုက်ပါလာသူ အမျိုးသမီး ၁ ယောက်ဆီကနေ သိန်းပေါင်း ၃၉၀၀ ခန့် တန်ဖိုးရှိ စိတ်ကြွဆေးပြားတွေ ဖမ်းမိတယ်လို့ သာစည်မြို့မ ရဲစခန်းက ပြောပါတယ်။ အောင်စစ်ခိုင် ခရီးသည်တင်ကားနဲ့ လိုက်ပါလာသူ ဘားအံမြို့ သီရိလမ်းနေ မမိခိုင် (ခ) မမိမိခိုင် ရဲ့ ခရီးဆောင်အိတ်တွေထဲက တွေ့ရှိတာ ဖြစ်ပါတယ်။ ဒုရဲအုပ် ဖြိုးကျော်ခိုင်က "King Powerခရီးဆောင် အိတ်ထဲက စိတ်ကြွဆေးပြား ၆၄၀၀၀ တွေ့တယ်၊ တန်ဖိုး သိန်း ၁၉၂၀ သင့်တယ်။ WEISHUAI ခရီးဆောင်အိတ်ထဲက စိတ်ကြွဆေးပြား ၆၅၈၀၀ တွေ့တယ်၊ တန်ဖိုးသိန်းပေါင်း ၁၉၇၄ တန်ဖိုးသင့်တယ်။ အိတ် ၂ လုံးဆေးပြားပေါင်း ၁၂၉၈၀၀ ရှိပါတယ်။ စုစုပေါင်းငွေ သိန်းပေါင်း ၃၈၉၄ သိန်းပေါ့၊ စိတ်ကြွဆေးပြားတွေ သယ်ပေးခ ၁၇ သိန်းရတယ်ဆိုတာ သိရတယ်၊ ကွင်းဆက်တရားခံကို ဆက်စစ်ဆေးနေတယ်" လို့ ပြောပါတယ်။ သာစည်မြို့မရဲစခန်းမှာ မူးယစ်ဆေးဝါး နဲ့ စိတ်ကိုပြောင်းလဲစေသော သုံးစွဲ/လက်ဝယ် ထားရှိ/ရောင်းဝယ်/ထုတ်လုပ်ဖြန့်ဖြူး ဥပဒေ ပုဒ်မတွေနဲ့ အမှုဖွင့်ဖမ်းဆီးထားပါတယ်။ သတင်း -မောင်မောင်လင်း (ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024