Home
မြန်မာသတင်း
မြန်မာ-တရုတ် နယ်နိမိတ်အား နှစ်နိုင်ငံပူးတွဲ ကွင်းဆင်းစစ်ဆေးမည်
DVB
·
July 28, 2017
မြန်မာ-တရုတ် နယ်နိမိတ်ကို  နှစ်ပေါင်း ၂၀ ကျော်အကြာမှ  တတိယအကြိမ် ပူးတွဲကွင်းဆင်းစစ်ဆေးရန်ဖို့အတွက် တရုတ်နိုင်ငံ ပေကျင်းမြို့မှာ ဇူလိုင် ၂၆ ရက်ကနေ ၂၈ ရက်ထိညှိနှိုင်းအစည်းအဝေးကျင်းပနေပါတယ်။ နှစ်နိုင်ငံ နယ်နိမိတ်ကို ပူးတွဲစစ်ဆေးရာမှာ  ခေတ်မီနည်းပညာတွေ အသုံးပြုပြီး ကောင်းကင်ဓာတ်ပုံ ပူးတွဲရိုက်ကူးကာ  မြေပုံအသစ်တွေ ထုတ်လုပ်ဖို့၊ နယ်နိမိတ်မှတ်တိုင်တွေ ပြုပြင်ထိန်းသိမ်းဖို့နဲ့  ထပ်တိုးမှတ်တိုင်တွေ စိုက်ထူရန်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ မြန်မာ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။ မြန်မာ-တရုတ် နယ်နိမိတ်စာချုပ်ကို ၁၉၆၁ခုနှစ်က ချုပ်ဆိုခဲ့ကြပြီး နှစ်နိုင်ငံ နယ်နိမိတ်တစ်လျှောက် နယ်နိမိတ်ကျောက်တိုင်ပေါင်း  (၄၉၈)တိုင် စိုက်ထူထားတယ်လို့ သိရပါတယ်။ နှစ်နိုင်ငံအကြား ပထမအကြိမ် နယ်နိမိတ်ပူးတွဲစစ်ဆေးတာကို ၁၉၈၄ မှ ၁၉၈၆ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့ပြီး၊ ဒုတိယအကြိမ် ပူးတွဲစစ်ဆေးတာကိုတော့  ၁၉၉၂ မှ ၁၉၉၄ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့ပါတယ်။ ဒီနောက် (၂၃)နှစ်ကြာအောင်  နှစ်နိုင်ငံ နယ်နိမိတ်ကို ပူးတွဲစစ်ဆေးမှု မပြုလုပ်နိုင်တာကြောင့်  နယ်နိမိတ်မှတ်တိုင်တွေ ယိုယွင်းပျက်စီး ပျောက်ဆုံးတာတွေ ရှိနေလို့  တတိယအကြိမ် နှစ်ဖက်ပူးတွဲစစ်ဆေးဆောင်ရွက်ရန်ဖို့ ဆွေးနွေးတာလို့ ဆိုပါတယ်။ ဒီအစည်းအဝေးကို မြန်မာဘက်က နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ ပြည်ထဲရေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတွေက တာဝန်ရှိသူတွေပါဝင်ပြီး  တရုတ်ဘက်ကတော့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် ပင်လယ်သမုဒ္ဒရာရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့တယ်လို့ အစိုးရသတင်းမှာ ဖော်ပြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024