Thursday, June 8, 2023
HomeLead Storyမူးယစ်ဆေး အကျဉ်းသားဟောင်းများကိုသာ ဝန်ထမ်းခန့်သည့် ကာယကြံ့ခိုင်ရေးစင်တာ (ရုပ်သံ)

မူးယစ်ဆေး အကျဉ်းသားဟောင်းများကိုသာ ဝန်ထမ်းခန့်သည့် ကာယကြံ့ခိုင်ရေးစင်တာ (ရုပ်သံ)

အမေရိကန်နိုင်ငံသား ခရော့စ်မာ့တ်ဟာ တချိန်က မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေနဲ့ ဝင်ငွေ ဒေါ်လာသန်းချီ ရရှိခဲ့ပါတယ်။

လက်ရှိမှာတော့ သူ့ရဲ့ဘဝဟာ ပြောင်းလဲခဲ့ပြီး နယူးယောက်မြို့မှာ ကိုယ်ကာယ ကြံ့ခိုင်ရေးစင်တာတခုကို ဖွင့်လှစ်ထားခဲ့ပါပြီ။

ဒါဟာ ဘယ်လိုပြောင်းလဲသွားခဲ့တယ် ဆိုတာကလည်း စိတ်ဝင်စားစရာပါ။

သူ့ကို အက်ဖ်ဘီအိုင်က မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု ကွင်းဆက်ထဲ ပါဝင်နေမှုနဲ့ စွဲချက်တင်ခဲ့ပြီးနောက် ဖမ်းဆီး ထောင်ချခံခဲ့ရတာပါ။

အကျဉ်းထောင်တွင်း ရှိနေချိန်မှာ မူးယစ်ဆေးဝါးက လူတယောက်ရဲ့ဘဝကို ဘယ်လိုဖျက်ဆီးပစ်လိုက်နိုင်တယ်ဆိုတာ သိလာခဲ့တယ်လို့ ဆိုပါတယ်။

နောက်ပြီး သူ့ရဲ့ ခန္ဓာကိုယ်အလေးချိန်က ဒုက္ခပေးပြီး အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ဆရာဝန်တွေက သတိပေးခဲ့ပြီးနောက် ကာယကြံ့ခိုင်မှု လေ့ကျင့်မှုတွေ လုပ်ခဲ့တာပါ။

လက်ရှိမှာတော့ ထောင်ကထွက်ခဲ့ပြီးနောက်မှာလည်း ဒါကို ဆက်ပြီး အောင်မြင်အောင် လုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

သူကြီးပြင်းခဲ့တဲ့ မန်ဟက်တန်ဒေသဝန်းကျင် နေရာအနှံ့မှာ မူးယစ်ဆေးတွေ၊ ဆေးထိုးအပ်တွေကို တွေ့နိုင်ပြီး မူးယစ်ဆေးဝါးဟာ လက်တကမ်းမှာပဲလို့ ပြောပါတယ်။

“နေရာအနှံ့ကြည့်လိုက်ရင် ရုပ်ရှင်ပြကွက်တွေလိုပဲ။ မူးယစ်ဆေးတွေ၊ ထိုးတဲ့နေရာမှာသုံးတဲ့ အပ်တွေ ဘယ်နေရာမဆို တွေ့နိုင်တယ်။ ညတိုင်း သေနတ်ပစ်သံတွေ ကြားရမယ်။ ဒါဟာ အပြင်ကမ္ဘာနဲ့ ကွာခြားတယ်။ ကျနော် ၁၁ နှစ်သားမှာ လမ်းပေါ်ကတဆင့် မူးယစ်ဆေးဝါးနဲ့ စရင်းနှီးခဲ့တာပါ။”

ခရော့စ်ဟာ အသက် ၁၃ နှစ်အရွယ်တည်းက မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေထဲ ပါဝင်ခဲ့ပြီးနောက်မှာ ထောင်ဒဏ် ၇ နှစ် ကျခံခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိ ထူးခြားတာကတော့ မူးယစ်ဆေးဝါးနဲ့ ပြစ်ဒဏ်ချမှတ်ခံရပြီး လွတ်မြောက်လာတဲ့ အကျဉ်းသားတွေကို သူ့ဆီမှာ ဝန်ထမ်းအဖြစ် ခန့်အပ်ကာ လည်ပတ်နေတာ ဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular