တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ဂျပန်ကာကွယ်ရေးဝန်ကြီး တိုမိုမိ အီနာဒါ (Tomomi Inada) ဟာ ဇူလိုင် ၂၈ ရက်က ရာထူးကနေ နုတ်ထွက်သွားပါတယ်။
အသက် ၅၈ နှစ်အရွယ် အမျိုးသမီးတဦးဖြစ်တဲ့ တိုမိုမိ အီနာဒါဟာ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဆက်တိုက်ဖြစ်ပေါ်နေတဲ့ ချွတ်ယွင်းချက်တွေ၊ မှားယွင်းတဲ့ လုပ်ရပ်တွေကို အကာအကွယ်ပေးဖို့ ကြိုးပမ်းခဲ့ရပြီးနောက် အခုလို ရာထူးကနေ နုတ်ထွက်သွားတာ ဖြစ်ပါတယ်။
ဂျပန်ကာကွယ်ရေးဝန်ကြီးရဲ့ နုတ်ထွက်မှုဟာ တောင်ဆူဒန်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဂျပန်စစ်ဘက်အရာရှိတွေရဲ့ ပြဿနာဖြစ်ပွားချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
အမေရိကန်ဦးဆောင်တဲ့ တောင်ဆူဒန် ငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းမှာ ဂျပန်စစ်ဘက်အရာရှိတွေလည်း ပါဝင်ထမ်းဆောင်နေတာဖြစ်ပြီး သစ်ခိုးတဲ့အမှုတခုမှာ ပါဝင်ပတ်သက်နေတယ်လို့ သံသယရှိခံနေရတာ ဖြစ်ပါတယ်။
ဂျပန်ကာကွယ်ရေးဝန်ကြီးမှာ အားနည်းချက်တွေရှိပေမယ့် သူ့ကို ထိန်းမထားနိုင်တဲ့အတွက် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကို သူ့ရဲ့ပါတီက လွှတ်တော်အမတ်တွေသာမက အတိုက်အခံအမတ်တွေကပါ အပြင်းအထန် ဝေဖန်နေကြပါတယ်။