သတင်းလွတ်လပ်ခွင့်အတွက် ဘားအံမြို့တွင် ကမ်ပိန်းပြုလုပ် (ဓာတ်ပုံ)
DVB
·
July 28, 2017
လွတ်လပ်စွာ သတင်းရယူ၊ ရေးသားထုတ်ဖော်ခွင့် ရဖို့အတွက် ရည်ရွယ်ပြီး ကရင်ပြည်နယ် ဘားအံမြို့မှာ ဇူလိုင် ၂၈ ရက်နေ့က ဒေသခံ သတင်းသမားတွေက အများပြည်သူတွေကို လက်ကမ်းစာစောင်တွေ ဖြန့်ဝေပေးခဲ့ကြပါတယ်။
ဒီလှုပ်ရှားမှုမှာ မြန်မာပြည်တောင်ပိုင်း ဂျာနယ်လစ်ကွန်ရက်က ဦးဆောင်ပြီး ဒေသခံ သတင်းသမား ၂၀ နီးပါး ပါဝင်ခဲ့ကြပါတယ်။