Home
မြန်မာသတင်း
ဝမ်းတွင်းတွင် ပိုင်ရှင်မဲ့ ပိတောက်သားများ တင်လာသည့် ကား ၂ စီး ဖမ်းမိ
DVB
·
July 28, 2017
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် ၃၇၄/ ၅ နဲ့ ၆ အကြားမှာ ဇူလိုင် ၂၇ ရက် မနက် ၄ နာရီက ပိတောက်သားတွေ တင်ဆောင်လာတဲ့ ကား ၂ စီး ဖမ်းမိခဲ့တယ်လို့ ရွှေတောင်ရွာ ရဲစခန်းက ပြောပါတယ်။ စခန်းမှူးးရဲအုပ် ကျော်နိုင်စိုးက “ကား ၂ စီးလုံးကတော့ ကွန်ကရစ်လမ်းဘေး ချော်ကျပြီး ပြန် မတက်နိုင်ဘူး ဖြစ်နေတယ်။ ခင်းနေဆဲလမ်းကို မသိဘဲမောင်းလာတာ ဖြစ်မယ်။ လိုက်ထရပ်မှာ အရှည် ၃ ပေ ဗျက် ၁ ပေ ထု ၅ လက်မ ရှိတဲ့ ပိတောက်သားတုံး ၂၀ တင်ထားတယ်။ CALDINA က ၁၁ တုံးတင်ထားတယ်။ (၀ ဒသမ ၈၀၆၈)တန်ရှိတယ်။ ကားပေါ်မှာ ကားနဲ့ပတ်သက်တဲ့ အထောက်အထား မတွေ့ရဘူး။ ကားထားပြီး ထွက်ပြေးသွားသူတွေကို စုံစမ်းနေပါတယ်” လို့ ပြောပါတယ်။ ပိတောက်သားတွေ သစ်တောဦးစီးဌာနကို လွှဲပြောင်းပေးထားကာ သစ်တောဦးစီးဌာနက  တရားလိုလုပ်ပြီး အမှုဖွင့်ဖို့ ဆောင်ရွက်နေလို့ သိရပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024