ကော့သောင်း-ဘုတ်ပြင်းကားလမ်းပေါ် တံတားတစင်း မြေကျွံကျ
DVB
·
July 27, 2017
မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေ တိုက်စားမှုကြောင့် ကော့သောင်းဘုတ်ပြင်း ကားလမ်းပေါ်မှာ ဇူလိုင် ၂၆ ရက်နေ့ မနက် ၁၁ နာရီလောက်က တံတားတစင်း မြေကျွံနိမ့်ကျခဲ့တယ်လို့ ဘုတ်ပြင်းမြို့ရဲတပ်ဖွဲ့စခန်းကပြောပါတယ်။
မြေကျွံနိမ့်တ်ျသွားတဲ့ တံတားမှာ ဘုတ်ပြင်းမြို့နယ် ထောင်ခမတ်ကျေးရွာအုပ်စု တောင်ဒဂုံဆီအုန်းစိုက်ပျိုးရေး ကုမ္ပဏီအနီးမိုင်တိုင်အမှတ် (၁၅၈/၄-၅) မဟဲဆီချောင်းကူး ကွန်ကရစ်တံတား တစင်းဖြစ်ပြီး အလျား ၉၀ ပေအကျယ် ၁၈ ပေခံနိုင်ဝန်တန် ၃၀ ရှိ တံတားတစင်းဖြစ်ပြီး မိုးကြီးကာ တောင်ကျရေးများစီးဆင်းမှုကြောင့် တံတားအလယ်တိုင်နိမ့်ကျပြီး ယာဉ်နဲ့လူတွေ သွားလာမှု ရပ်တန့်ခဲ့ပါတယ်။
ကော့သောင်းခရိုင် လမ်းဦးစီးဌာန လ/ထညွန်ကြားရေးမှူး ဦးထွန်းလွင်က လက်ရှိသွားလာလို့ရအောင် ပျဉ်ပြားတွေ ထိုးပေးသွားမှာဖြစ်ပြီး ဆိုင်ကယ်နဲ့ကားတွေ သွားလို့ရအောင် လက်ရှိတံတား ပေ ၂၀ အကွာမှာ အရှည်ပေ ၁၀၀ ပေအကျယ် ၁၂ ပေခံနိုင်ဝန် ၁၃ တန်ရှိတဲ့ ဘေလီတံတားတစင်း ထိုးပေးမှဖြစ်ပြီး တံတားထိုးချိန် ၁၀ ရက်ခန့်ကြာမြင့်မှာဖြစ်တယ်လို့ ပြောပါတယ်။
လက်ရှိမှာ လူများသာသွားလို့ရပြီး ဆိုင်ကယ်နှင့်မော်တော်ယာဉ်တွေ သွားလို့မရသေးဘူးလို့ သိရပါတယ်။
လတ်ကိုကိုဦး