Wednesday, May 31, 2023
HomeLead Storyမြို့လယ်ခေါင် လမ်းမပေါ် ဓားကိုင်ရမ်းကားသည့် ထိုင်းကျောင်းသားအုပ်စုရုပ်သံပျံ့နှံ့

မြို့လယ်ခေါင် လမ်းမပေါ် ဓားကိုင်ရမ်းကားသည့် ထိုင်းကျောင်းသားအုပ်စုရုပ်သံပျံ့နှံ့


မြို့လယ်ခေါင်မှာ ဓားလက်နက်တွေ အသီးသီး ကိုင်ဆောင်ရမ်းကားနေကြတဲ့ ကျောင်းသားအုပ်စုကို ချုပ်ထိန်းဖို့ ကြိုးစားခဲ့တဲ့ ရဲအရာရှိတဦးရဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက်စာမျက်နှာတွေပေါ် ပျံ့နှံ့ခဲ့ပါတယ်။

ဒီအဖြစ်အပျက်ဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ် လမ်းမတခုပေါ်မှာ ဖြစ်ခဲ့တာဖြစ်ပြီး ကျောင်းသားတွေဟာ ဓားလက်နက်တွေ ကိုင်ဆောင်ထားကြပြီး ကစဥ့်က လျား ပြေးလွှားနေခဲ့ကြတာကို တွေ့ရပါတယ်။

အဲဒီအချိန်မှာ တာဝန်ကျယာဉ်ထိန်းရဲတဦးသာ ရှိနေခဲ့တာဖြစ်ပြီး သူက အခြေအနေကို ပိုဆိုးဝါးမလာခင်မှာ ဖျန်ဖြေနိုင်ဖို့ ကြိုးစားခဲ့တာပါ။

ကျောင်းဝတ်စုံတွေနဲ့ ဆယ်ကျော်သက်ကျောင်းသားတွေဟာ ရဲလိုက်လာချိန်မှာ ဆိုင်ကယ်တွေကို ချန်ထားရစ်ခဲ့ကြပြီး ထွက်ပြေးခဲ့ကြတာကို တွေ့ရပြီး လူစုကွဲသွားခဲ့ကြတာပါ။

ဒီရုပ်သံဗွီဒီယိုဖိုင်ကို Youlike အမည်ရတဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဖော်ပြထားခဲ့တာပါ။

ဒါဟာ ဇူလိုင်လ ၂၅ ရက်နေ့ ညနေ ၅ နာရီလောက်က ဆူခွန်ဗစ်လမ်းမပေါ်မှာ ကျောင်းသားချင်းရန်ပွဲဖြစ်ခဲ့တာဖြစ်ပြီး ရဲက လူစုခွဲနိုင်ခဲ့တာဖြစ်တယ်လို့ အတည် ဖရာခ နွန်ခရိုင် ရဲဌာနက အတည်ပြုပြောခဲ့ပါတယ်။

ခုလိုဖြစ်ခဲ့တဲ့အတွက် ကျောင်းသားတွေရဲ့ ဆိုင်ကယ်တချို့ကို သက်သေအဖြစ် သိမ်းဆည်းထားခဲ့ပြီး လိုအပ်တဲ့ စစ်ဆေးအရေးယူမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular